လုယက်ခံရစဉ် ပစ္စည်းကို အလွယ်တကူမပေးပါက လူကိုအန္တရာယ်ပြုတဲ့အထိ အကြမ်းဖက်တာတွေကို လုပ်ဆောင်မှုရှိနေတယ်လို့ သိရပါတယ်။

ပြည်မြိုနယ်မှာ  ဆိုင်ကယ်တွေဆီကနေ ပစ္စည်း လုယက်မှု တကျော့ ပြန်ပြီးအဖြစ်များလာတယ်လို့ ပြည်မြို့ ဒေသခံတွေဆီက သိရပါတယ်။



လုယက်ခံရသူအများစုမှာ အမျိုးသားတွေလည်းရှိပေမယ့် အမျိုးသမီးတွေက ပိုများကြောင်း၊ လုယက်ခံရစဉ် ပစ္စည်းကို အလွယ်တကူမပေးပါက လူကိုအန္တရာယ်ပြုတဲ့အထိ အကြမ်းဖက်တာတွေကို လုပ်ဆောင်မှုရှိနေတယ်လို့ သိရပါတယ်။

" အရင် ဆိုင်ကယ်တစ်စီးကို တစ်ယောက်ပဲစီးခွင့်ပြုတုန်းကလည်း မြို့ပေါ်ရော၊ရွာအပြန်လမ်းတွေမှာပါ လုကြတယ်။ အဲဒီနောက် နှစ်ယောက်ပြန်စီးခွင့်ရတော့ လုယက်တာ ခဏပြန်ငြိမ်သွာတယ်။ အခုတစ်ခါပြန်ပြီး အဖြစ်များလာတယ်။ အရင်ရက်က စက်ဘီးစီးနေတဲ့ ကောင်မလေးဆီက ဆွဲကြိုးကိုလုတာ လူပါဒဏ်ရာရတယ်။ ခပ်စိပ်စိပ်ကို ဖြစ်လာတယ် " လို့ ပြည်ဒေသခံတစ်ဦးကပြောပါတယ်။

 ဒါကြောင့် နေအိမ်ပြင်ပကိုထွက်တဲ့အခါ ဆိုင်ကယ်အတူစီးအဖော်ပါသည့်တိုင် နေ့လယ်ခင်းအချိန် ၊ ညနေစောင်းအချိန် တွေမှာ အထူးသတိထားဖို့လိုအပ်ပြီး ၊ လူသွားလူလာပြတ်တဲ့ လမ်းကြားတွေ၊ လမ်းသွယ်တွေထဲကို သွားလာခြင်းရှောင်ကြဖို့နဲ့ မဖြစ်မနေသွားရပါက အထူးသတိထားနေရတယ်လို့သိရပါတယ်။

" အခုတခါ လုနေတာက လူ ၃ ယောက် ဆိုင်ကယ်တစ်စီးနဲ့ ပတ်လုနေတာ၊ cctv မှတ်တမ်းတွေမှာ တွေ့ရတယ်။ လုယက်သူတွေကို မိတယ်လို့ အခုထိမကြားမိဘူး။လုတဲ့လူတွေက အခုဆို အရမ်းကို ရဲတင်းလာတယ်။ လူကြားထဲလည်း လုနေကြတယ်။ဆွဲကြိုးဆို ထုတ်မဆွဲရဲဘူး။ ပိုက်ဆံအိတ်ဆိုလည်း ပေါ်တင်ကို လက်က မကိုင်ရဲဘူး " လို့ ပြည်ဒေသခံတစ်ဦးကပြောပါတယ်။

 ပြည်မြို့ပေါ်အပြင် ပြည်အထွက် ပေါက်ခေါင်းလမ်းတလျှောက်မှာလည်း ဆိုင်ကယ်စီးအမျိုးသမီးတွေကို ဆိုင်ကယ်နဲ့တိုက်ပြီး စီးလာတဲ့ ဆိုင်ကယ် ၊ ဖုန်း နဲ့ ပိုက်ဆံတွေကို လုယူပြီး လူကိုပါအန္တရာယ်ပြုတာတွေ အထိရှိခဲ့တယ်လို့သိရပါတယ်။ 

လက်ရှိမှာ ဆိုင်ကယ် တစ်စီးကို လူနှစ်ယောက်စီးခွင့်ပြန်လည်ခွင့်ပြုထားသလို ၊ ၁၂ နာရီ နောက်ပိုင်းလည်း ပြန်လည်ထွက်ခွင့်ပြုလိုက်ပေမယ့် လုယက်မှုတွေက ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က