ပြင်သစ်လက်ရွေးစင်ဟောင်းကလစ်ချီက ပြောဆိုခဲ့တာပါ။

အာဂျင်တီးနားနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အနေနဲ့ မက်ဆီကို ထိန်းချုပ်ဟန့်တားနိုင်မှာမဟုတ်ဘူးလို့ ပြင်သစ်နောက်ခံလူဟောင်းဂေးလ်ကလစ်ချီက ပြောဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကစားကြမှာဖြစ်ပြီး အာဂျင်တီးနားကတော့ ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားကို ရယူနိင်ဖို့ မျှော်လင့်နေပါတယ်။ 

ပိုပြီးတော့ စိတ်အားထက်သန်စရာဖြစ်နေတာကတော့ ဒီဗိုလ်လုပွဲဟာ မက်ဆီအတွက် သူ့ရဲ့ နောက်ဆုံးသော ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်လာမှာပါ။ ဒီပြိုင်ပွဲပြီးရင် မက်ဆီက လက်ရွေးစင်ကစားသမားဘ၀ကနေ အနားယူတော့မယ်လို့ အတည်ပြုထားတာဖြစ်ပြီး သူ အနားမယူခင်မှာ အသင်းနဲ့အတူ အကြီးမားဆုံးအောင်မြင်မှုကို ရယူသွားချင်နေပြီး သူ့အသင်းဖော်တွေကလည်း သူ့အတွက် အစွမ်းကုန်အားထုတ်မယ်လို့ ပြောဆိုထားကြပါတယ်။ 

ပြင်သစ်အနေနဲ့ မက်ဆီရဲ့ ခြိမ်​ေးခြာက်နိုင်စွမ်းကို အလေးထားနေမှာ သေချာနေပြီး နည်းပြဒက်ချမ့်ကလည်း ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့်မှာ မက်ဆီကို ဟန့်တားနိုင်ခဲ့တဲ့ သူ့ရဲ့ အစီအစဉ်ကို အကောင်အထည်ပြန်ဖော်ဖို့ ကြိုးပမ်းလာမှာပါ။ ဒါပေမယ့် ကလစ်ချီကတော့ talkSPORT က တဆင့် အခုလိုပြောဆိုခဲ့ပါတယ်။ 

"ကျနော့်အထင်ကတော့ မက်ဆီနဲ့ ရင်ဆိုင်ရင် ဘာ Plan မှ ရှိမယ်မထင်ဘူး၊ သူက ဒီပြိုင်ပွဲမှာ ခြေစွမ်းပြနေတာဖြစ်ပြီး ခင်ဗျားဘာမှကို စီစဉ်နိုင်မှာမဟုတ်ပါဘူး၊ သူက ပြိုင်ပွဲစတင်ကတည်းက ခြေစွမ်းပြနေခဲ့တာပါ၊ သူ့ကို တကယ်ကို တားဆီးလို့မရပါဘူး" လို့ ကလစ်ချီက ပြောဆိုခဲ့ပါတယ်။ မက်ဆီဟာ အာဂျင်တီးနားအတွက် ၅ ဂိုးသွင်းယူကာ ၃ ကြိမ်ဖန်တီးပေးထားတာဖြစ်ပါတယ်။ 

ဒါ့အပြင် မက်ဆီက ဒီပြိုင်ပွဲမှာတော့ အုပ်စုအဆင့်၊ ၁၆ သင်းအဆင့်၊ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်တွေမှာ ဂိုးတွေရယူနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာပါ ဂိုးထပ်ရမယ်ဆိုရင် ပြိုင်ပွဲတခုလုံးရဲ့ အဆင့်တခုချင်းစီတိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်တော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က