အနားပေးတဲ့အနေနဲ့ လူစာရင်းထဲကနေ ချန်လှပ်ခြင်းခံခဲ့ရတာလို့ သိရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ Pays de Cassel နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပြင်သစ်ဖလားပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး နေမာနဲ့ အမ်ဘာပေတို့ကတော့ ပါဝင်တယ်လို့ သိရပါတယ်။

လီယွန်နယ်မက်ဆီအပြင် ဒွန်နာရမ်းမားကလည်း လူစာရင်းထဲမှာ မပါဝင်ခဲ့တဲ့ နောက်ထပ် သိသာထင်ရှားတဲ့ အဓိကကစားသမားဖြစ်ခဲ့ပြီး RMC Sport ရဲ့ ဖော်ပြချက်အရ အနားပေးတဲ့အနေနဲ့ လူစာရင်းထဲကနေ ချန်လှပ်ခြင်းခံခဲ့ရတာလို့ သိရပါတယ်။ မက်ဆီ မပါဝင်မှုကြောင့် လူငယ်တိုက်စစ်မှူး ဟူဂို အက်ခီတိုက်ခ်က ပွဲထွက်ခွင့် ရရှိဖွယ်ရှိနေပြီး ကေလာ နားဗက်စ်ကလည်း ဂိုးပေါက်မှာ ပွဲထွက်ခွင့် ရရှိဖွယ်ရှိနေတ ဖြစ်ပါတယ်။

ကော်စတာရီကာလက်ရွေးစင်ဂိုးသမားဟာ ဇန်နဝါရီ ၁၉ ရက်နေ့က ဆော်ဒီအာရေဗျမှာ ရော်နယ်လ်ဒို ဦးဆောင်တဲ့ ရီယက်ဒ် ကြယ်စင်စုအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ယခုရာသီမှာ ပီအက်စ်ဂျီအတွက် ကောင်းမွန်တဲ့ ခြေစွမ်း ပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး ၂၁ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က