ဆီနီဂေါသားဟာ ဘောလုံးအသင်းပိုင်ရှင်တယောက်ဖြစ်လာခဲ့ပါပြီ။

ဆာဒီယိုမာနေးဟာ ပြင်သစ်စတုတ္ထတန်းကလပ် Bourges Foot 18 အသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာခဲ့ပါပြီ။ အယ်လ်နာဆာကြယ်ပွင့်ဟာ ဒီအသင်းကို ၂၀၃၀ မှာ လီဂူး-၂ ကို ဝင်ရောက်ကစားနိုင်အောင် ကြိုးစားပေးဖို့လည်း ပစ်မှတ်ထားနေပါတယ်။ 

ဆီနီဂေါကနေ ပြင်သစ်ကို ရောက်ရှိခါစမှာ အိမ်ကို ဖုန်းဆက်အကြောင်းကြားဖို့တောင် ဖုန်းဘေလ်မရှိခဲ့တဲ့ မာနေးက အခုတော့ ပြင်သစ်ကလပ်တသင်းကို ပိုင်ဆိုင်နိုင်တဲ့အထိ ဖြစ်လာခဲ့ပါပြီ။ သူ့ရဲ့ အသင်းဟာ အာဖရိကသားတွေရဲ့ ဥရောပခရီးစဉ်အတွက် တထောက်နားရာ နေရာဖြစ်မယ်လို့လည်း အားလုံးက ယုံကြည်နေကြပါတယ်။ 

မာနေးဟာ သူ့ရဲ့ နေအိမ်ကိုတောင်အသိမပေးဘဲနဲ့ ဥရောပကို အရဲစွန့်ထွက်ခွာလာခဲ့သူပါ။ ပြင်သစ်မှာ သူ တော်တော်လေးကို ရုန်းကန်ခဲ့ရပြီး အသင်းတသင်းရဖို့အတွက် ခြေစွမ်းပိုင်းစမ်းသပ်ခံရတာ၊ စိတ်ရှည်ခဲ့ရကာ နောက်ဆုံးမှာတော့ မက်ဇ် (ဘီ) အသင်းမှာ ကစားခွင့်ရခဲ့ပြီး အဲဒီကမှတဆင့် အသင်းကြီးအတွက် ကစားပေးနိုင်ခဲ့တာပါ။

သူ့ရဲ့ခြေစွမ်းပြသနိုင်မှုကြောင့် ဆဲဘာ့ဂျ်က ခေါ်ယူခဲ့ပြီး အဲဒီနောက် ဆောက်သမ်တန်၊ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့ပြီး အခုတော့ အယ်လ်နာဆာမှာ ကစားနေတာပါ။ လီဗာပူးလ်မှာတော့ သူ့ရဲ့ ကစားသမားဘ၀က အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေနဲ့ အခြားဆုဖလားတချို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က