၁၆ သင်းရှုံးထွက်အဆင့်ကနေ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပေမယ့်လည်း ဂျပန်နည်းပြနဲ့ ကစားသမားတွေဟာ ဂျပန်နိုင်ငံ နာရီတာ နိုင်ငံတကာလေဆိပ်မှာ ကြီးမားတဲ့ ပရိသတ်အုပ်ကြီးဆီကနေ သူရဲကောင်းတွေလိုမျိုး ထိုက်ထိုက်တန်တန် ကြိုဆို နှုတ်ဆက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်လက်ရွေးစင်ကစားသမားတွေဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ပြသပြီးနောက် အမိမြေကို ပြန်လည်ရောက်ရှိချိန်မှာ ပရိသတ်တွေဆီကနေ ကြက်သီးထစရာ ကြိုဆိုမှုကို ရရှိခဲ့ကြပါတယ်။

ဟာဂျိမဲ မိုရီယဆုရဲ့အသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဟောင်းတွေဖြစ်တဲ့ ဂျာမနီနဲ့ စပိန်၊ တောင်အမေရိကအသင်းဖြစ်တဲ့ ကော်စတာရီတို့နဲ့အတူ သေမင်းတမန်အုပ်စုမှာ အတူတူ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွယ်လွယ်နဲ့ အညံ့မခံတတ်တဲ့ ဂျပန်တွေဟာ အုပ်စု E အဖွင့်ပွဲစဉ်မှာ ဂျာမနီအသင်းကို အံ့အားသင့်ဖွယ် နောက်ကနေ လိုက်ကစားပြီး အနိုင်ပြန်ယူနိုင်ခဲ့ပြီးနောက် ကော်စတာရီကာကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အုပ်စုအဆင့်နဲ့ လှည့်ပြန်ရဖို့ အလားအလာမြင့်တက်နေချိန်မျာ ဂျပန်အသင်းဟာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ စပိန်အသင်းကို နောက်ထပ်တစ်ကြိမ် ထူးခြားတဲ့ comeback နိုင်ပွဲနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂျပန်အသင်းဟာ အုပ်စု E ရဲ့ အုပ်စုဗိုလ်အဖြစ် စပိန်ကို ကျော်ဖြတ် ရပ်တည်နိုင်ခဲ့တာကြောင့် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရတာဖြစ်ပြီး မိုရိယဆုရဲ့အသင်းဟာ လူးဝစ္စ အန်နရီကေးရဲ့အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ဂျာမန်တွေဟာ အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂျပန်အသင်းဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒုတိယရခဲ့တဲ့ ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး အသည်းကွဲခဲ့ရတာ ဖြစ်ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်ကနေ ကမ္ဘာ့ဖလားပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရပေမယ့်လည်း ဂျပန်နည်းပြနဲ့ ကစားသမားတွေဟာ ဂျပန်နိုင်ငံ နာရီတာ နိုင်ငံတကာလေဆိပ်မှာ ကြီးမားတဲ့ ပရိသတ်အုပ်ကြီးဆီကနေ သူရဲကောင်းတွေလိုမျိုး ထိုက်ထိုက်တန်တန် ကြိုဆို နှုတ်ဆက်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကစားသမားတွေဟာ လေဆိပ်မှာ လာရောက်စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေဆီကနေ ကြောက်ခမန်းလိလိ ကြိုဆိုမှုနဲ့ ပန်းစည်းတွေ လက်ခံရရှိခဲ့တာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြ မိုရိယဆုက သတင်းထောက်တွေကို "တစ်ဦးချင်းစွမ်းရည်နဲ့ အသင်းလိုက်အားထုတ်မှုနဲ့အတူ ကမ္ဘာ့အဆင့်မှာ ကျွန်တော်တို့က ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်တို့ ကစားသမားတွေက သက်သေပြသခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ 


မိုရိယဆုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၎င်းတို့အနေနဲ့ မမျှော်လင့်ထားတာတွေကို လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဘောလုံးလောကမှာ ဂျပန်အတွက် ကွဲပြားခြားနားတဲ့ အနာဂတ်ရှိလာလိမ့်မယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပြီး "သူတို့တွေ ဖိအားတွေကို အရှုံးပေးမယ်လို့ ကျွန်တော် မထင်ဘူး။ မိနစ် ၁၂၀ အထိ ကစားခဲ့ပြီး ပင်နယ်တီကန်သွင်းယူခဲ့တဲ့ ကစားသမားတွေက ရဲစွမ်းသတ္တိရှိခဲ့ကြပါတယ်။ ကျွန်တော် သူတို့ရဲ့ အားထုတ်မှုကို ချီးကျူးချင်ပြီး သူတို့တွေ ဒီလို ကြီးမားတဲ့ဖိအားအောက်မှာ ကြိုးစားခဲ့ကြတာပါ"

"ဟုတ်တာပေါ့။ ကျွန်တော်တို့ အနိုင်ရချင်ပြီး ရလဒ်က ကံမကောင်းခဲ့ပါဘူး။ ဒါပေမယ့်လည်း အဲဒါက ကစားသမားတွေရဲ့ အားထုတ်မှုကို ပျက်ပြယ်မသွားစေပါဘူး။ ကျွန်တော်တို့ ကွာတားဖိုင်နယ်ကို သွားမယ့် အတားအဆီးကို မချိုးဖျက်နိုင်ခဲ့ဘူး။ ဒါပေမယ့် ကစားသမားတွေက ဂျပန်ဘောလုံးရဲ့ မျိုးဆက်သစ်တွေကို ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂျာမနီနဲ့ စပိန်တို့ကို အနိုင်ယူခဲ့တယ်။ ကမ္ဘာ့ဖလားချန်ပီယံ ၂ သင်းစလုံးကိုပါ။ ကျွန်တော်တို့ရဲ့ အရည်အချင်းကို ယုံကြည်ချက်ရှိသင့်ပြီး ကျွန်တော်တို့ လိုက်မီဖို့တင်မဟုတ်ဘဲ ကျော်တက်ဖို့ပါ ရည်မှန်းချက်ထားရင် ဂျပန်ဘောလုံးလောကအတွက် ရှေ့လာမယ့်အနာဂတ်က ကွဲပြားခြားနားမယ်လို့ ထင်ပါတယ်"လို့ ထပ်လောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က