အွန်လိုင်းအတွေ့အကြုံတွေ ဘေးကင်းဖို့ ပညာပေးသွားမှာပါ

TikTok သုံးစွဲသူတွေ ဘေးကင်းတဲ့ အွန်လိုင်းအတွေ့အကြုံတွေ ရနိုင်ဖို့ သတင်းအရင်းအမြစ်တွေကို တစ်နေရာတည်းမှာ ဖော်ပြပေးမယ့် Digital Literacy Hub တစ်ခု TikTok က မိတ်ဆက်လိုက်တယ်လို့ ဆိုပါတယ်။ 

TikTok ဒီဂျစ်တယ်အသိပညာပေးစင်တာကို ပြည်တွင်း TikTok Creators ၃ ဦးဖြစ်တဲ့ နော်အေး ၊ ဝေဖြိုးအောင် ၊ T ဇော်တို့နဲ့ ပူးပေါင်းပြီး ဒီဂျစ်တယ်ဘေးကင်းရေးဆိုင်ရာ Features တွေ အသုံးချရေး ၊ ဒီဂျစ်တယ်ကမ္ဘာ အကျိုးကျေးဇူးတွေ ရရှိရေး နဲ့ သုံးစွဲသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ၊ အသက်မပြည့်သေးသူများ ဘေးကင်းရေး ၊ အွန်လိုင်းပေါ်က အန္တရာယ်ရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ဒီဂျစ်တယ်ဆိုင်ရာ ပညာပေးအကြံပြုချက်တွေကို မျှဝေပေးသွားမှာပါ။ 





ကမ္ဘာကျော် Short Video ပလက်ဖောင်းတစ်ခုဖြစ်တဲ့ TikTok ဟာ အွန်လိုင်းစိန်ခေါ်မှုတွေကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေ နဲ့ Community Guidelines ချိုးဖောက်မှုရှိနိုင်တဲ့ Hashtags တွေကို ချက်ချင်း ဖော်ထုတ်အသိပေးနိုင်တဲ့ နည်းပညာတွေလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ အသက်အရွယ်အလိုက် ကန့်သတ်အတွေ့အကြုံတွေ ရဖို့နဲ့ အသက် ၁၆ နှစ်အောက် အသုံးပြုသူတွေကို ကန့်သတ်ထားတဲ့ Privacy-By-Design လုပ်ဆောင်ချက်တွေလည်း တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ထုတ်ပြန်ပါတယ်။ 

မြန်မာနိုင်ငံအတွက် TikTok ရဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအကြောင်းကို ဒီဂျစ်တယ် အသိပညာစင်တာမှာ မြန်မာဘာသာနဲ့ ဖော်ပြထားပြီး ဒီလင့်ခ်ကနေ ဝင်ရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် TikTok App အတွင်းမှာ ပါတဲ့ Discover မှာရှိတဲ့ Banner Link မှာလည်း မြန်မာဘာသာနဲ့ ဒီဂျစ်တယ်အသိပညာစင်တာကို ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က