Galaxy Unpacked 2019 မှာ Samsung ဟာ ထူးထူးခြားခြား high-end လက်ပ်တော့တစ်လုံး မိတ်ဆက်လိုက်ပါတယ်။
Galaxy Book 2 ရဲ့ အဆက် Galaxy Book S ဟာ high-end laptop တွေထဲမှာ ချီးကျူးစရာ features တွေ နဲ့ပွဲထုတ်လာတဲ့ လက်ပ်တော့တစ်လုံးပါပဲ။ Galaxy Book S ဟာ Windows 10 OS စနစ်နဲ့လာပြီး ပါးလွှာပေါ့ပါးတဲ့ ပရီမီယံ laptop ဈေးကွက်နဲ့အံဝင်ခွင်ကျဖြစ်အောင် ထုတ်ထားတာလို့ဆိုနိုင်ပါတယ်။ မျက်နှာပြင် ၁၃.၃ လက်မ FullHD touch screen နဲ့လာတာ ဖြစ်ပြီး built-in LTE ပါရှိပါတယ်။
Photo: The Verge
စတီရီယို စပီကာတွေအပြင် လုံခြုံရေးအတွက် power button မှာ Fingerprint sensor တပ်ဆင်ထားပါတယ်။ power button ဟာ Windows Hello စနစ် ပံ့ပိုးပေးထားပြီး ဘက်ထရီပါဝါ 42Wh ဟာ ၂၃ နာရီ ဆက်တိုက် Video playback ကြည့်နိုင်မယ်လို့ကုမ္ပဏီဘက်က ကြေညာထားပါတယ်။ ဆိုလိုတာကတော့ ပုံမှန် အသုံးအတွက်ကတော့ တစ်ခါအားအပြည့်သွင်းထားရုံနဲ့တစ်နေ့လုံး သုံးနိုင်မယ့် သဘောပါ။
processor မှာ Qualcomm ရဲ့ high-end chipset ဖြစ်တဲ့ 7nm 1.8GHz octa-core Snapdragon 855 processor သုံးထားပြီး 8GB LPDDR4X RAM ပါပါတယ်။ internal storage ကိုတော့ 256GB နဲ့512GB နှစ်မျိုး ထွက်ထားပြီး microSD card ကနေ 1TB အထိ ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။ USB C Port ဟာ လက်ပ်တော့ ကိုယ်ထည် တစ်ဖက်တစ်ချက်မှာ ရှိပြီး headphone jack ကို ဘယ်ဘက်မှာ ထားထားပါတယ်။
Mercury Gray နဲ့Earthy Gold ကာလာ ၂ ရောင်နဲ့ထွက်ထားပြီး ၉၉၉ ဒေါ်လာ ( မြန်မာငွေ ၁၅ သိန်းကျော်) ဈေးနဲ့လာမယ့် စက်တင်ဘာမှာ ဝယ်ယူနိုင်မှာပါ။