တရုတ်နည်းပညာကုမ္ပဏီ Huawei ဟာ ကွမ်တမ်ကွန်ပျူတာနည်းပညာအတွက် မူပိုင်ခွင့်သစ် တင်လိုက်တယ်လို့ ဆိုပါတယ်။
Huawei ဟာ Quantum Chip နဲ့ ကွန်ပျူတာဆိုင်ရာ တီထွင်မှုသစ်တစ်ခုအတွက် မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ မူပိုင်ခွင့်အတွက် သတ်မှတ်နံပါတ် CN114613758A နဲ့ တင်ခဲ့တာ ဖြစ်ပြီး ကွမ်တမ်တွက်ချက်မှုနည်းပညာကဏ္ဍနဲ့ ဆက်စပ်တဲ့ ကွမ်တမ်ချပ်စ်ထုတ်လုပ်ရေးဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းဖို့ တီထွင်ထားတဲ့ မူပိုင်ခွင့်လို့ ဆိုပါတယ်။
မူပိုင်ခွင့် တင်လိုက်တဲ့ Huawei ရဲ့ Quantum Chip အမျိုးအစားသစ်ဟာ အနာဂါတ်မှာ ပိုပြီး တပ်ဆင်ရလွယ်ကူသလို အမြောက်အများ ထုတ်လုပ်မှုကိုလည်း အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ မူပိုင်ခွင့်မှာ တင်ထားတဲ့ စာရင်းအရ Huawei ရဲ့ Quantum Chipset သစ်မှာ ထုတ်လုပ်ရေးကြန့်ကြာမှုတွေကို လျှော့ချနိုင်မယ့် M Sub-Chips တွေ ပါပြီး Sub-Chips တစ်ခုချင်းစီမှာ N Qubits တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။
Huawei ဟာ ကွမ်တမ်သီအိုရီတွေကို အရင်ကလည်း မူပိုင်ခွင့်တွေ တင်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီလထဲမှာ Huawei ဟာ Quantum Key Distribution System , Method And Device မူပိုင်ခွင့်တစ်ခု ပိုင်ဆိုင်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။