မောင်မောင်အေးက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ Quarantine ကာကွယ်ရေးအတွက် လိုအပ်တာတွေ လှူဒါန်းခဲ့တယ်လို့ မောင်မောင်အေးက ဆိုပါတယ်။ 

Photo: Pyay Ti Oo



သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ ကတော့ We Love Yangon ကနေတဆင့် Quarantine Centre များအတွက် ငွေကျပ် (၁၀)သိန်းလှူခဲ့တယ်လို့ မောင်မောင်အေးက ပြောပါတယ်။ 

"အမေ ဒေါ်သန်းမြင့်အောင် (ဥက္ကဌ) အဖြစ်ဆောင်ရွက်ကာ ရန်ကုန်မြို့အား ချစ်မြတ်နိုးပြီးသန့်ရှင်းသာယာလှပစေလိုသူ ပရဟိတအဖွဲ့များ စုဖွဲ့ထားသော WeLoveYGN အဖွဲ့သို့ ယခုဖြစ်ပွားလျှက်ရှိသော Covid-19 အတွက် လိုအပ်သည်များတွင် အသုံးပြု ကူညီနိုင်ရန်အတွက်(Quarantine Centre များအတွက်....)

ပြေတီဦး + အိန္ဒြာကျော်ဇင် မိသားစုမှ ၁,၀၀၀,၀၀၀ (တစ်ဆယ်သိန်းကျပ်တိတိ)အား ပေးပို့လှူဒါန်းခဲ့သည်အား ဂုဏ်ယူဝမ်းမြောက်စွာ လက်ခံရရှိခဲ့ပါသည်" ဆိုပြီးတော့ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၁ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

Photo: Pyay Ti Oo

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ အလှူငွေကိုတော့ ဒီနေ့(ဧပြီလ ၂၀) ရက်နေ့မှာ We Love Yangon အဖွဲ့သားတွေ အနေနဲ့ Quarantine Centre တွေမှာ သွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။ 

"၎င်းလှူဒါန်းမှုအား We Love Yangon မှ ယနေ့ 20.4.2020 ရက်နေ့တွင် အဖွဲ့သားများကိုယ်တိုင်သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း အလှူရှင်များ သိရှိစေရန် မြင်ရကြားရသူအပေါင်း သာဓုခေါ်ဆိုပီတိပွားနိုင်ကြပါရန် တင်ပြအပ်ပါသည်။ ဤသို့ လိုအပ်နေသည်များကို လှူဒါန်းကြပါသော အလှူရှင် စေတနာ့ရှင်အပေါင်း၊ ကိုယ် စိတ်နှစ်ပါး ကျန်းမာ ချမ်းသာ ရွှင်လန်းကြပါစေကြောင်း နှင့် မြန်မာတစ်နိုင်ငံလုံး ကျန်းမာ ဘေးကင်းပြီး အောင်မြင်ကြပါစေကြောင်း၊ တကမ္ဘာလုံးလည်း covid-19တောင်ကြီးကို အောင်မြင်စွာဖြတ်ကျော်နိုင်ကြပါစေ ကြောင်း weloveyangon အဖွဲ့သားများမှ လေးစားစွာ ဆုတောင်းမေတ္တာပို့သ အပ်ပါသည်" လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။ 


Photo: Pyay Ti Oo

ပြေတီဦးဟာ ၂၀၁၀ ခုနှစ် မှာ ”အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ၊ ၂၀၁၂ ခုနှစ်မှာ “လက်ပံ”၊ ၂၀၁၃ ခုနှစ်မှာ ”နင်စေရင်”၊ ၂၀၁၄ ခုနှစ်” မှာ နှလုံးသားဖြင့်ပြုလုပ်သည်” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။ အခုဆိုရင်တော့ သုဒ္ဒါ ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း တည်ထောင်ထားပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

က္က