Cambridge Analytica ဟာ သင်ဘယ်လိုစိတ်ထားရှိသူလဲ ဆိုတဲ့ ပဟေဠိ app တစ်ခုနဲ့Facebook သုံးစွဲသူ ၈၇ သန်းကျော်ရဲ့ အချက်အလက်တွေကို နိုင်ငံရေးမှာ အသုံးချသွားခဲ့တာပါ။ ဒီထက်ဆိုးတဲ့ app လည်း ရှိပါသေးတယ်။
ဒီတစ်ခါမှာတော့ နာမည်စာလုံးကနေ ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာမျိုးကို တွက်ချက်ပေးတဲ့ Facebook နာမည်ကြီး quiz app ကနေ လူပေါင်း သန်း ၁၂၀ ကျော်ရဲ့ အချက်အလက်များ ပေါက်ကြားကုန်တာပါ။ ဂျာမန် app maker တစ်ခု ဖြစ်တဲ့ Social Sweethearts ဟာ NameTest ဆိုတဲ့ app ကနေ Facebook ပေါ်က ကိုယ်ရေးအချက်အလက်များ ရယူသွားခဲ့တာလို့ဆိုပါတယ်။
NameTest ဟာ "သင်ဟာ ဒစ်စနေထဲက ဘယ်မင်းသမီးနဲ့တူမလဲ" ဆိုတဲ့ လူမှုကွန်ရက် ပဟေဠိမေးခွန်းလေးတွေနဲ့လူတွေကို ဆွဲဆောင်ခဲ့တာပါ။ ဒီထဲကို ဝင်ကြည့်သူပေါင်းဟာ လစဉ် သန်း ၁၂၀ ဝန်းကျင် ရှိနေတာ ဖြစ်ပြီး ဒီလူတွေရဲ့ နာမည်တွေ ၊ မွေးရက် ၊ တင်ထားတဲ့ ဓါတ်ပုံများ ၊နဲ့friend lists နဲ့ကိုယ်ရေးအချက်အလက်တွေ တစ်ခြား third parties တွေမှာ ပေါက်ကြားနေတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်တယ်လို့လုံခြုံရေးပညာရှင် ချူကလာရဲလ်က ဆိုပါတယ်။
ချူကလာရဲလ်ဟာ ဒီဖြစ်ရပ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကတည်းက တင်ခဲ့တာ ဖြစ်ပေမယ့် Facebook ကတော့ ဒီဖြစ်ရပ်ကို စုံစမ်းအဖြေရှာဖို့၃ လကနေ ၆ လအချိန်ယူရဦးမယ်လို့သူ့ဆီကို အကြောင်းပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ဧပြီလ ၂၅ ရက်နေ့မှာ့ Social Sweethearts ဟာ NameTest ရဲ့ လုံခြုံရေးယိုပေါက်ကို ပိတ်ပစ်ခဲ့ပြီး တစ်ခြား ဘယ် third party ကမှ တလွဲ ယူသုံးထားတာ မတွေ့ဘူးလို့ချူကလာရဲလ်ကို အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။
NameTest ဟာ ၂၀၁၆ ကတည်းက ဒီလုံခြုံရေးပြစ်ချက် ရှိခဲ့တာပါ။ Facebook ဟာ အလားတူ အဖြစ်မျိုးကို ပြီးခဲ့တဲ့ မေလကလည်း ကြုံတွေ့ခဲ့ပါတယ်။ ထိုအချိန်က Facebook သုံးစွဲသူ ၃ သန်းကျော်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို myPersonality ဆိုတဲ့ စိတ်နေသဘောထားဆိုင်ရာ ဉာဏ်စမ်း app တစ်ခုကနေ ရယူနေတယ်လို့New Scientist က ထုတ်ဖော်ရေးသားခဲ့ပါတယ်။