“ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းအကြောင်းပြောပြလာပါတယ်။

ရဲခန့်ကတော့ “ညို့သောပင်လယ် ဆွဲငင်သောလမင်း” သီချင်းကို အဆိုတော် Rဇာနည် သီဆိုထားတာ အစကတည်းက သိနေတယ်လို့ ဆိုပါတယ်။ 

Photo: The Voice Myanmar



ရဲခန့်ကတော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်အဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ သူဟာ ဒီပြိုင်ပွဲမှာ “ညို့သောပင်လယ် ဆွဲငင်သောလမင်း” ဆိုတဲ့ သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းရဲ့ အဆိုရှင်နဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ ကြုံနေရတဲ့ အပေါ် ရဲခန့်က Duwun ကနေ အခုလို ပြောပြလာပါတယ်။ 

“ ဒီသီချင်းကို အရင်တုန်းက ကို R ဇာနည် ဆိုထားတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ပြိုင်ပွဲမှာ ဒီသီချင်းကို ဆိုဖို့ ရွေးထားကတည်းက သိတာပါ။ ဒိုင်လူကြီး(၄) ယောက် စလုံး လှည့်ကြည့်ခဲ့တာကိုလည်း အရမ်းပျော်တယ်။ ပြီးတော့ မနီနီက ကိုအောင်ထက်ဆီကို ဖုန်းခေါ်လိုက်တဲ့ အခါမှာလည်း ကျွန်တော် သဘောကျတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့ ကိုအောင်ထက်နဲ့ ဖုန်းပြောခွင့်ရလိုက်တာကိုလည်း အရမ်းပျော်မိပါတယ်" လို့ သူက ဆိုပါတယ်။ 

Photo: The Voice Myanmar

ရဲခန့်ဟာ အခုဆိုရင်တော့ The Voice Myanmar (Season-3) သီချင်းဆိုပြိုင်ပွဲမှာ အဆိုတော် R ဇာနည်ရဲ့ Team ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း အဆိုတော် R ဇာနည်ရဲ့ ပရိသတ် တစ်ဦးပါလို့ ဆက်လက် ပြောပြလာပါတယ်။ 

“ ကို R ဇာနည် Team ကို သွားဖြစ်တာကလည်း ကျွန်တော်တို့ ငယ်ငယ်တုန်းက ကို Rဇာနည်ရဲ့ သီချင်းတွေနဲ့ ကြီးပြင်းခဲ့တာ ဖြစ်သလို ကျွန်တော့် စိတ်ထဲက ဆုံးဖြတ်ချက်အတိုင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကို Rကြီးရဲ့ Team Member တစ်ယောက်ဖြစ်သွားပြီဆိုတော့ ရှေ့ဆက်ပြီးတော့ အကောင်းဆုံး ကြိုးစားသွားမယ်။ ကို Rဇာနည်ရဲ့ ညွှန်ကြားသင်ပြမှုတွေကို လက်ခံပြီးတော့ လိုက်နာမယ်” လို့ သူက ဆိုပါတယ်။ 

Photo: The Voice Myanmar

ရဲခန့်ကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကို မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ကနေ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ The Voice Myanmar (Season-3) ရဲ့ သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးဖြစ်လို့နေပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က