Gionee ကတော့ အမိုက်စား စမတ်ဖုန်းသစ်တွေ မိတ်ဆက်နေပါပြီ

ဒီတစ်ပတ်အတွင်း Gionee စမတ်ဖုန်းသစ်တွေ ဆက်တိုက်ထွက်ရှိလာတဲ့အထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးဖုန်းဟာ Gionee M30 ဖြစ်ပါတယ်။

Gionee M30 ဟာ တရုတ်ဈေးကွက်ထဲမှာ မိတ်ဆက်သွားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး မျက်စိပသာဒဖြစ်စေမယ့် ဒီဇိုင်းနဲ့ ချီးကျူးလောက်တဲ့ features တစ်ချို့ ပါလာပါတယ်။ အလူမီနီယံဖရိန်ကွပ်ထားတဲ့ Gionee M30 ဟာ ကျောဘက်မှာ လယ်သာဆန်တဲ့ မျက်နှာပြင်ပါရှိပြီး ကင်မရာဖွဲ့စည်းပုံကလည်း ဆွဲဆောင်မှု ရှိနေပါတယ်။


Photo: GSMArena


အကြမ်းခံ Rugged Phone တစ်လုံးရဲ့ ဒီဇိုင်းနဲ့လာပြီး ကျောဘက်ကင်မရာနဲ့တွဲလျက်သား Fingerprint scanner တစ်ခုလည်း တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အရွယ်အစား ၆ လက်မ LCD screen ဟာ HD+ ရုပ်ထွက်ဖြစ်တဲ့ (720 x 1440p) သုံးထားပါတယ်။ 

Gionee M30 ရဲ့ ထူးခြားချက်တစ်ခုက power bank တစ်လုံးလိုမျိုး ဧရာမ 10000mAh ဘက်ထရီနဲ့ လာပြီး 25W fast charging ပံ့ပိုးထားတာ ဖြစ်ပါတယ်။ ဒီဘက်ထရီပါဝါဟာ တစ်ခြားထုတ်ကုန်တွေကိုပါ USB cable ကနေ အားပြန်သွင်းပေးနိုင်မှာပါ။ တစ်ခြား features တွေအနေနဲ့ dual stereo speakers ၊ 3.5mm headphone jack နဲ့ Dual SIM စနစ်တို့ ထည့်သွင်းထားပါတယ်။

Photo: Gizmochina

ဓါတ်ပုံနဲ့ ရုပ်သံရိုက်ကူးမှုအတွက် ရှေ့နဲ့ နောက်ဘက်မှာ ကင်မရာတစ်လုံးစီပဲ သုံးလာပါတယ်။ Gionee M30 ဟာ ကျောဘက်မှာ 16MP ကင်မရာ ပါရှိပြီး ကင်မရာရဲ့ အောက်မှာ LED flash ထည့်သွင်းထားပါတယ်။ ရှေ့ဘက်မှာ Face Unlock လုပ်ဆောင်ချက် ပါဝင်တဲ့ 8MP selfie ကင်မရာ သုံးထားပါတယ်။

Processor အနေနဲ့ MediaTek Helio P60 chipset ၊ RAM 8GB/128GB storage နဲ့ ထွက်လာပြီး storage ကို ထပ်တိုးနိုင်မှာပါ။ Gionee M30 ကို အနက်ရောင်တစ်မျိုးတည်းနဲ့ ထွက်ထားပြီး ၁၃၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၇ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က