မြန်မာငွေ ၂ သိန်းအောက်ဈေးနဲ့ထွက်လာမှာပါ

ဘက်ထရီကောင်းပြီး မြန်မာငွေ ၂ သိန်းအောက်တန် ဖုန်းသစ်တစ်မျိုး ဖြစ်တဲ့ Realme C1 ဟာ ၂၀၁၉ မော်ဒယ်အဖြစ် ဗားရှင်းမြှင့်ပြီး ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

Photo: techcarving

         Realme C1 (2019) မှာလည်း အရင် ၂၀၁၈ ဗားရှင်းအတိုင်း မျက်နှာပြင် ၆.၂ လက်မ HD+ display ဖြစ်တဲ့ 1520 x 720p ရုပ်ထွက်နဲ့လာပြီး fingerprint မပါတဲ့ ဒီဇိုင်းကို သုံးသွားမှာ ဖြစ်ပါတယ်။ အရင်မော်ဒယ်ကို RAM 2GB/16GB ဗားရှင်းတစ်မျိုးတည်းနဲ့ထုတ်ခဲ့ပေမယ့် ၂၀၁၉ ဗားရှင်းမှာတော့ RAM 2GB အပြင် RAM 3GB နဲ့အတူ onboard storage 32GB ကို သုံးသွားမယ်လို့ဆိုပါတယ်။

         ဒီဖုန်းဟာ တန်ဖိုးနည်း ဖုန်းတစ်လုံးရဲ့ performance အရ နိမ့်တယ်လို့ပြောဖို့ခက်တဲ့ octa-core Snapdragon 450 processor နဲ့လာတာ ဖြစ်ပြီး OS ကတော့ Android 8.1 Oreo ပေါ် အခြေခံထားတဲ့ ColorOS 5.1 သုံးထားတာပါ။ Realme C1 ရဲ့ အဓိက key feature တစ်ခုက အကြီးစား 4230 mAh ဘက်ထရီ ဖြစ်ပြီး နောက်ခံ background က app တွေ ကို ပိတ်ပေးမယ့် feature ဖွင့်ထားချိန်မှာ သာမန်ထက် ၁၁% အထိ ဘက်ထရီအား ပိုခံနိုင်မယ်လို့ဆိုပါတယ်။

         Realme C1 ဟာ ကင်မရာပိုင်းမှာ 13MP+2MP ကင်မရာနှစ်လုံးတွဲ ထုတ်ထားတာပါ။ အလျားလိုက် dual cameras စနစ်ဟာ ရုပ်သံရိုက်ကူးရေးမှာ 1080p ရုပ်ထွက်ကို 30fps နှုန်းနဲ့ရိုက်ကူးနိုင်မယ်လို့ဆိုပါတယ်။ ရှေ့ကင်မရာကတော့ AI Face Unlock နည်းပညာ အသုံးပြုနိုင်တဲ့ 5MP ကင်မရာ နဲ့လာတာပါ။ Face Unlock စနစ်ဟာ မျက်နှာပေါ်က အမှတ်အသားပေါင်း ၁၂၈ ခုကို သတ်မှတ်ပြီး ဖုန်းကို ဝ.၃ စက္ကန့်အတွင်း ဖွင့်နိုင်မှာ ဖြစ်ပါတယ်။

         dual camera နဲ့notch display သုံးထားတဲ့ ဒီဖုုန်းကို အိန္ဒိယဈေးကွက်မှာ ပထမဆုံး မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အခုဆို ပြည်တွင်းဈေးကွက်ထဲပါ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ notch ပါပြီး 19:9 aspect ratio သုံးတဲ့ ဖုန်းတွေထဲမှာ Realme C1 ဟာ ဈေးအနည်းဆုံးလို့ပြောနိုင်ပါတယ်။

         ဖေဖော်ဝါရီ ၅ ရက်နေ့အိန္ဒိယဈေးကွက်ထဲဝင်မယ့် Realme C1 (2019) ကိုလည်း အနိမ့်ဆုံး 2GB+32GB ဗားရှင်းအတွက် ၇၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၆ သောင်း) နဲ့RAM 3GB+32GB ဗားရှင်းကို ၈၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၈ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။

Share

Loading Next Article...
က္က