သမ္မတအေဗရာဟမ် လင်ကွန်းရဲ့ နာမည်ကို ဂုဏ်ပြု တည်ထောင်ထားတဲ့ ကျောင်းပါ

အီလီနွိုက်စ်ပြည်နယ်က ကောလိပ်ကျောင်းတစ်ခုဟာ Ransomware တစ်ခုကြောင့် ကျောင်းပိတ်လိုက်ရတော့မှာပါ။

၁၈၆၅ ခုနှစ်က စတင် တည်ထောင်ခဲ့တဲ့ Lincoln College ဟာ ဆိုက်ဘာတိုက်ခိုက်မှုလုပ်ပြီး ငွေညှစ်ခြိမ်းခြောက်တဲ့ Ransomware Attack ကြောင့် ကျောင်းပိတ်လိုက်ရတဲ့ အမေရိကန်ရဲ့ ပထမဆုံး ထိပ်တန်းအဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒီတစ်ပတ် မေလ ၁၃ ရက် သောကြာနေ့ကစပြီး ကျောင်းကို အပြီးတိုင် ပိတ်တော့မှာ ဖြစ်တယ်လို့ ကျောင်းရဲ့ ဝက်ဘ်ဆိုက်စာမျက်နှာ https://lincolncollege.edu/ မှာ ဖော်ပြထားပါတယ်။ 






ဒီစာမျက်နှာမှာပဲ Lincoln College ဟာ ကမ္ဘာစစ်နှစ်ကြိမ် ၊ စပိန်တုပ်ကွေးကပ်နဲ့ ကမ္ဘာ့အကြီးဆုံး စိးပွားပျက်ကပ် The Great Depression တို့ကို ရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ကိုဗစ်ကပ်ဘေးနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြုံခဲ့ရတဲ့ ဆိုးဝါးတဲ့ Ransomware Attack နှစ်ခုကိုတော့ တောင့်ခံမထားနိုင်တော့ဘူးလို့ ထုတ်ပြန်ပါတယ်။ 

"Lincoln College ဟာ ၂၀၂၁ ဒီဇင်ဘာ ဆိုက်ဘာတိုက်ခိုက်မှုရဲ့ သားကောင်ဖြစ်ခဲ့ပြီး ဝင်ခွင့်စာမေးပွဲတွေ နှောင့်ယှက်ခံရသလို အဖွဲ့အစည်းအချက်အလက်အားလုံး ဝင်ရောက်ရယူခွင့်တွေ ဟန့်တားခံခဲ့ရပါတယ်။ ကျောင်းအပ်ဖို့ လုပ်ငန်းလည်ပတ်ဖို့ နဲ့ ရံပုံငွေကိစ္စတွေအားလုံးအတွက် လုပ်ထားတဲ့ စနစ်တွေ အကုန်လုံး မလည်ပတ်နိုင်တော့ပါဘူး။ ကံကောင်းတာက ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ပေါက်ကြားမသွားတာပါပဲ။ မတ်လ ၂၀၂၂ ခုနှစ်မှာ စနစ်ကို အပြည့်အဝ ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကျောင်းအပ်နှံမှု သိသိသာသာ ထိုးကျသွားခဲ့သလို အဖွဲ့အစည်းအသွင်ကူးပြောင်းရေးဆိုင်ရာ အလှူအတန်းတွေ နဲ့ လက်ရှိ စာသင်နှစ်အလွန် Lincoln College ရပ်တည်နိုင်ရေး ပူးပေါင်းမှုတွေ မလုပ်နိုင်ခဲ့တော့ပါဘူး။ " လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ 



သမ္မတအေဗရာဟမ် လင်ကွန်းရဲ့ နာမည်ကို ဂုဏ်ပြု တည်ထောင်ထားပြီး နှစ်သက်တမ်း ၁၅၇ နှစ် ကြာမြင့်ပြီ ဖြစ်တဲ့ ဒီအီလီနွိုက်စ်ကျောင်းဟာ လူမည်းကျောင်းတွေထဲက အရည်အချင်းပြည့်မှီတဲ့ ရှားရှားပါးပါး အမေရိကန်ကျေးလက်ကောလိပ်တစ်ခုအဖြစ် ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုခံထားရတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။ Lincoln College ကတော့ ယခုနှစ် ပညာသင်နှစ်အတွင်း ဘွဲ့မရသေးတဲ့ ကျောင်းသားတွေကို တခြားကောလိပ်ကို လွှဲပြောင်းပေးဖို့ ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတါင်း Ransomware ဆိုက်ဘာဟက်ကာတွေဟာ ပညာရေး နဲ့ စီးပွားရေးလုပ်ငန်းတွေအပြင် ဆေးရုံများ ၊ ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းများ ၊ ငွေပေးချေရေး လုပ်ငန်းများ ၊ ရဲ နဲ့ အစိုးရဌာနတွေကိုပါ ခြိမ်းခြောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က