ပေါ့ဘာရဲ့ မှတ်တမ်းရုပ်ရှင်အခြေအနေက တော်တော်လေးဆိုးရွားနေတာပါ။

ယူနိုက်တက်နဲ့ လမ်းခွဲထားတဲ့ ကွင်းလယ်လူပေါ့ဘာရဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ iMDb မှာ အဆင့်သတ်မှတ်ချက် (Rating) တော်တော်လေး ဆိုးဆိုးရွားရွား အပေးခံထားရတယ်လို့ သိရှိရပါတယ်။ The Pogmentary လို့ အမည်ပေးထားတဲ့ ဒီဇာတ်ကားမှာ ပေါ့ဘာက ယူနိုက်တက်ကစားသမားဘဝ အတွင်းရေး အဆင်မပြေမှုတွေကို ဖွင့်ချထားပါတယ်။



အဆိုးရွားဆုံးအနေနဲ့ ပေါ့ဘာက ယူနိုက်တက်အနေနဲ့ သူ့ကို တပတ်လုပ်ခ ပေါင် (၃) သိန်းနဲ့ ကမ်းလှမ်းတဲ့အပေါ် မထီမဲ့မြင်ပြုမူပြောဆိုခဲ့တာပါ။ ပေါ့ဘာဟာ ဒီပမာဏကို ဘာမှမဟုတ်တဲ့ပမာဏအဖြစ် ကွယ်လွန်သွားပြီဖြစ်တဲ့ အေးဂျင့်ရွိုင်အိုလာနဲ့သမုတ်ခဲ့ပြီး ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုနဲ့အဆင်မပြေခဲ့တဲ့ အတွင်းရေးအချို့ကိုလည်း ဖွင့်ချခဲ့ပါတယ်။

အဲ့ဒါကြောင့်လည်း ပေါ့ဘာရဲ့ ဇာတ်ကားအပေါ် ဝေဖန်မှုတွေ တော်တော်လေးများပြားခဲ့တာပါ။ အထူးသဖြင့် ယူနိုက်တက်ပရိသတ်တွေ ပေါ့ဘာကို တော်တော်လေးမျက်မုန်းကျိုးခဲ့ပြီး ဒီဇာတ်ကားကို အခုလိုမျိုး IMDb မှာ တော်တော်လေးဆိုးရွားတဲ့ အဆင့်တွေ သတ်မှတ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ပေါ့ဘာရဲ့ ဒီဇာတ်ကားဟာ အဆင့်သတ်မှတ်ချက် (၁၀) မှာ (၂.၁) သာရရှိခဲ့ပြီး တော်တော်လေးဆိုးရွားတဲ့ အနေအထားတခုအဖြစ် သတ်မှတ်ခံထားရတာပါ။

မန်ချက်စတာညနေခင်းသတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ် Samuel Luckherst ကတော့ ပေါ့ဘာရဲ့ဇာတ်ကားအတွက် ယခုရရှိထားတဲ့ အဆင့်သတ်မှတ်ချက်က သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲမှာရရှိခဲ့တဲ့ အဆင့်သတ်မှတ်ချက်ထက်တော့ ပိုမိုကောင်းမွန်သေးတယ်လို့ လှောင်ပြောင်ထားပါတယ်။ ပေါ့ဘာဟာ ယူနိုက်တက်ကထွက်ခွာပြီးနောက် ဘယ်အသင်းကို ပြောင်းရွှေ့မယ်ဆိုတာ မသေချာသေးဘဲ ဂျူဗင်တပ်စ်ကသာ ဖြစ်နိုင်ခြေအရှိဆုံးအဖြစ် သတ်မှတ်ခံထားရပါတယ်။ 

Share

Loading Next Article...
က္က