အဓိကအားသာချက်အနေနဲ့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ပြီးဘက်ထရီအား ပမာဏကောင်းမွန်ပါတယ်။

Realmeအနေနဲ့ မြန်မာပြည်မိုဘိုင်းဈေးကွက်အတွက် လူငယ်တွေအတွက်ပိုမိုရွေးချယ်စရာ စမတ်ဖုန်းသစ်တွေ ကို မိတ်ဆက်ပေးသွားမှာဖြစ်ပြီး အဆိုပါထုတ်ကုန်တွေထဲမှ Realme C1 ကို သင့်တင့်ဆွဲဆောင်မှု ရှိစေမယ့်ဈေးနှုန်းနဲ့ မိတ်ဆက်ရောင်းချပေးသွားမှာပဲ ဖြစ်ပါတယ်။



စမတ်ဖုန်းကိုအခုမှစတင်အသုံးပြုမယ့်လူငယ်တွေအနေနဲ့ Realme C1 ရဲ့လုပ်ဆောင်ချက်နဲ့အားသာချက်ကို ပိုမိုသဘော တွေ့စေမှာဖြစ်ပြီး အဓိကအားသာချက်ဖြစ်တဲ့ မျက်နှာပြင်ကြီးမားကျယ်ပြန့်ခြင်းနဲ့ဘက်ထရီအား ပမာဏကောင်းမွန်ခြင်းတို့ကို ရရှိစေမှာဖြစ်ပါတယ်။

Realme C1 ရဲ့မျက်နှာပြင်ဟာ ၆.၂ လက်မအရွယ်အစားရှိ HD ရုပ်ထွက်အရည်အသွေးရှိသော Notch ဒီဇိုင်း Full Screen အမျိုးအစားကိုအသုံးပြုပေးထားတဲ့အတွက် ပုံမှန်ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက်သုံးခြင်းနဲ့ ဂိမ်းကစားခြင်းတို့ပြုလုပ်ရာတွင် အားရကျယ်ပြန့်သည့်အတွေ့အကြုံကိုရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာဖုန်းအသုံးပြုရာမှာ အဓိကပြဿနာတစ်ခုဖြစ်တဲ့ ဘက်ထရီအား အကုန်မြန်ခြင်းကိုလည်း Realme C1 ရဲ့ပိုမိုကြီးမားတဲ့ 4230mAh ဘက်ထရီပမာဏက ဖြည့်ဆည်းပေးထားမှာဖြစ်တာကြောင့် သီချင်းနားထောင်လျှင် (၁၈) နာရီ၊ ဗွီဒီယိုကြည့်လျှင် (၁၅) နာရီ၊ ဂိမ်းကစားလျှင် (၁ဝ) နာရီနဲ့ အင်တာနက်ကြည့်လျှင် (၁၈) နာရီအထိအသုံးခံမှာပါ။

Realme C1 မှာ AI စနစ်ထောက်ပံ့ပေးထားတဲ့ 13MP+2MP Dual Camera အမျိုးအစား ကိုအသုံးပြုပေးထားတဲ့အတွက် ကြည်ပြတ်သားတဲ့ဓာတ်ပုံကောင်းတွေကိုရိုက်ယူနိုင်စေမယ့်အပြင် Portrait အလှပုံတွေကိုလည်း စိတ်တိုင်းကျရိုက်ယူနိုင်မှာဖြစ်ပါတယ်။

ရှေ့ဘက် Selfie ကင်မရာအတွက် 5MP အမျိုးအစားကိုအသုံးပြုပေးထားပြီး Social Platform အတွက်သင့်တော်စေမယ့်ဓာတ်ပုံကောင်းတွေကို ရယူနိုင်စေဦးမှာပါ။ ကင်မရာအားလုံးမှာ HDR စနစ်ထည့်သွင်းပေးထားတာကြောင့် အလင်းအမှောင် ညီညွှတ်မျှတမှုကိုလည်း ဓာတ်ပုံရိုက်ယူရာမှာအချိုးညီညီ ရရှိစေမှာဖြစ်ပါတယ်။

ဖုန်းရဲ့စွမ်းဆောင်မှုပိုင်းအတွက် Snapdragon 450 chipset ကိုထည့်သွင်းပေးထားပြီး RAM 2GB နဲ့ပေါင်းစပ်ကာ Octa-core 1.8GHz နှုန်းအထိအလုပ်လုပ်ပေးနိုင်မှာဖြစ်တဲ့အတွက် ပုံမှန်ဂိမ်း အကောင်းတွေကိုလည်း စိတ်တိုင်းကျကစားနိုင်စေမှာဖြစ်ပါတယ်။

Internal storage 16GB ပါဝင်ပြီး SD card မှတစ်ဆင့် 256GB အထိပါ ထပ်တိုးအသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Triple slot အမျိုးအစားဖြစ်တဲ့အတွက် 4G ကွန်ရက်သုံး ဆင်းမ်ကဒ်၂ကဒ်ကို တစ်ပြိုင်တည်းအသုံးပြုနိုင် ပါတယ်။ Realme C1 ရဲ့ဈေးနှုန်းကို ယခုလမကုန်ခင်ကျင်းပပြုလုပ်မယ့် Launching Event မှာ တရားဝင်ကြေညာပေးသွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က