လေးလအတွင်း အလုံးရေ ၂ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်

     သြဂုတ်လကုန်ပိုင်းက ဈေးကွက်ထဲ ရောက်လာခဲ့တဲ့ Realme 2 ကတော့ ကုမ္ပဏီရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုပါ။

Photo: ytimg



          OPPO ရဲ့ sub-brand အဖြစ် စတင်ဖြန့်ချိခဲ့တဲ့ Realme ဟာ အိန္ဒိယနဲ့တောင်အာရှတို့မှာ စမတ်ဖုန်းပေါင်း ၄ သန်း ရောင်းချနိုင်ခဲ့ပြီလို ကြေညာထားပါတယ်။ Realme India ရဲ့ အမှုဆောင်အရာရှိချုပ် မတ်ဒဗ်ရှား ကတော့ သူ့ရဲ့ တရားဝင် Twitter အကောင့်ကနေ အိန္ဒိယဈေးကွက်မှာ Realme 2 ကို အလုံးရေ ၂ သန်းကျော် ရောင်းချနိုင်ခဲ့ပြီလို့ဆိုပါတယ်။

         ၂၀၁၈ မေလ ၄ ရက်နေ့မှာ Realme ဟာ ပထမဆုံးဖုန်းဖြစ်တဲ့ Realme 1 ကို ပွဲထုတ် မိတ်ဆက်နိုင်ခဲ့ပါတယ်။ Realme 1 မှာတင် Amazon India အွန်လိုင်းစတိုး့ပလက်ဖောင်းတစ်ခုတည်းကနေ ရက် ၃၀ အတွင်း အလုံးရေ ၄ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီဖုန်းနောက်မှာ Realme 2 / 2 Pro ၊ Realme C1 တို့ကို မိတ်ဆက်ထားပြီး မကြာခင်မှာ 48MP ကင်မရာသုံးမယ့် Realme 3 သစ်ကို ဖြန့်ချိသွားဖို့ရှိပါတယ်။

         Realme 2 ကို အိန္ဒိယဈေးကွက်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာလက ဖြန့်ချိခဲ့တာ ဖြစ်ပြီး ၄ လကျော်အတွင်း အလုံးရေ ၂ သန်းကျော် ရောင်းချနိုင်ခဲ့တာက ထူးခြားနေပါတယ်။ ဒီအချက်ကို ကြည့်ရင် Realme 2 ရဲ့ရောင်းအားဟာ Realme ဖုန်းအားလုံး ရောင်းအားရဲ့ ထက်ဝက်ကျော် ရှိနေတာကြောင့် ဒီဖုန်းဟာ ကုမ္ပဏီသမိုင်းမှာ ရောင်းအားအကောင်းဆုံး ဖုန်းဆိုတာ မမှားပါဘူး။

         Realme 2 ကို အိန္ဒိယဈေးကွက်မှာ စတင် ဖြန့်ချိတဲ့နေ့က ပထမ ၅ မိနစ်အတွင်း အလုံးရေ ၂ သိန်း အထိ ရောင်းချနိုင်ခဲ့ပြီး အင်ဒိုနီးရှားမှာ ၁၀ မိနစ် မပြည့်ခင် ဖုန်းအလုံးရေ ၁ သောင်းခွဲ ရောင်းချနိုင်ခဲ့တဲ့ မှတ်တိုင်သစ် စိုက်ထူထားပါတယ်။ တန်ဖိုးနည်း lower mid-range ဖုန်းအနေနဲ့ထွက်လာခဲ့တဲ့ Realme 2 ဟာ ခေတ်ပေါ် ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့လူကြိုက်များတဲ့ အချက်တွေကို ဖြည့်စွက်ထားတဲ့ ဖုန်းပါ။

Photo: intoday

         4230 mAh ဘက်ထရီ နဲ့အကြီးစားမှန်ပြင် ၊ ကျောဘက် dual cameras တွေနဲ့Realme 2 အနိမ့်ဆုံးဗားရှင်း RAM 3GB/32GB storage ကို အိန္ဒိယဈေးကွက်မှာ ၈၉၉၀ ရူပီး (မြန်မာငွေ ၂ သိန်းနီးပါး) နဲ့RAM 4GB/64GB storage ကို ၁၀၉၉၀ ရူပီး (မြန်မာငွေ ၂ သိန်း ၄ သောင်းနီးပါး) ရောင်းချခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က