ထုတ်ကုန်သစ် ၄ မျိုး ထပ်မိတ်ဆက်သွားမှာပါ

အိန္ဒိယဖုန်းဈေးကွက်မှာ realme ရဲ့ စမတ်ဖုန်းသစ်တွေ ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်။ 

realme ဟာ အိန္ဒိယဈေးကွက်ထဲ အနည်းဆုံး ထုတ်ကုန်သစ် ၄ မျိုး ကြေညာသွားဖို့ ရှိပြီး ဒီထဲမှာ ရူပီး ၁ သောင်း (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) ကနေ ရူပီး ၁၅၀၀၀ (မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်) အတွင်း 5G ဖုန်းသစ်တစ်မျိုးလည်း ပါဝင်မှာပါ။ 5G ကွန်ရက် ဖြန့်ကြက်တော့မယ့် အိန္ဒိယဈေးကွက်အတွက် တန်ဖိုးနည်း 5G ဖုန်းသစ်ကို realme က မိတ်ဆက်ဖို့ ပြင်နေတာပါ။ အိန္ဒိယနိုင်ငံအတွင်း 5G ကွန်ရက်ဖြန့်ကြက်မှုကို ဒီနှစ် အကုန်ပိုင်းလောက်မှာ လုပ်ဆောင်သွားမယ်လို့လည်း မျှော်လင့်ထားပါတယ်။ 





၂၀၂၂ ဒုတိယနှစ်ဝက်အတွင်း ကုမ္ပဏီအနေနဲ့ ထုတ်ကုန်သစ်တွေ မိတ်ဆက်မယ့်အစီအစဉ်ကို realme India ရဲ့ အမှုဆောင်အရာရှိချုပ် မာဒက်ဗ် ရှားသ်က ထုတ်ဖော်ပြောကြားထားတာပါ။ ကုမ္ပဏီအနေနဲ့ ဖောက်သည်အခြေခိုင်မှုအပိုင်းအတွက် ကဏ္ဍသစ် ၂ မျိုး ၃ မျိုး ဝင်ရောက်ဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ အချက်အလက်အသေးစိတ်ကို မကြာခင်မှာ ကုမ္ပဏီဘက်က ထပ်ပြီး မျှဝေသွားမှာပါ။ 

Chipset ပြတ်တောက်မှုအခက်အခဲတွေ လျော့ပါးလာချိန် ၂၀၂၂ ဒုတိယနှစ်ဝက်အတွက် စမတ်ဖုန်းတွေ ထုတ်လုပ်သွားမယ့် realme ဟာ realme 10 စီးရီး ထုတ်ကုန်သစ်တွေ မိတ်ဆက်သွားဖို့ ရှိပါတယ်။ လောလောဆယ် realme Pad X တက်ဘလက်သစ်နဲ့အတူ Watch 3 စမတ်နာရီသစ်ကိုလည်း မိတ်ဆက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က