တန်ဖိုးသင့် realme 9 5G ဖုန်းသစ်တွေနဲ့အတူ ဈေးသက်သာတဲ့ စမတ်နာရီတစ်လုံးပါ realme က ကြေညာသွားပါတယ်။
မြန်မာငွေ ၅ သောင်းအောက်တန် realme TechLife Watch S110 စမတ်နာရီဟာ ၁.၆၉ လက်မ LCD Touch Screen ၊ သွေးတွင်းအောက်ဆီဂျင်တိုင်းစနစ် ၊ နှလုံးခုန်တိုင်းတာမှု နဲ့ IP68 ရေစိုဖုန်တင်ဒဏ် ခံနိုင်တဲ့ Casing ကိုယ်ထည်နဲ့လာပါတယ်။ လေးထောင့်ပုံ နာရီအိုးဒီဇိုင်း သုံးထားပြီး အနက် ၊ အဖြူ ၂ ရောင်နဲ့ ထွက်ထားပါတယ်။
Photo: gadgetpilipinas
TechLife Watch S110 မှာ စိတ်ဝင်စားစရာကောင်းတာက လက်ကောက်ဝတ်အရေပြားနဲ့ ကိုယ်အပူချိန်ကို တိုင်းတာနိုင်တဲ့ အရေပြားအပူချိန်တိုင်းစနစ် ထည့်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာရီက ပြတဲ့ ကျန်းမာရေးစောင့်ကြည့်စနစ် Health Tracking အားလုံးကို ရောဂါလက္ခဏာရှာဖို့နဲ့ ကုသဖို့ အရေးမှာ မသုံးဖို့လည်း realme က သုံးစွဲသူတွေကို သတိပေးထားပါတယ်။
ဒီနာရီမှာ sports modes ၂၄ မျိုးကျော်ကို ခြေရာခံနိုင်စွမ်း ပါရှိပြီး watch faces အမျိုးပေါင်း ၁၁၀ ကျော်နဲ့ ထွက်ထားပါတယ်။ ဘက်ထရီပါဝါအနေနဲ့ ၁၂ ရက်အထိ အားခံမယ်လို့ ပြောထားပါတယ်။ realme TechLife Watch S100 ကို ရူပီး ၂၀၀၀ (မြန်မာငွေ ၄ သောင်းခွဲကျော်) ဈေး နဲ့ မတ်လ ၁၄ ရက်နေ့ ပထမအသုတ် စပြီး ရောင်းချသွားမှာပါ။
TechLife Watch S100 နဲ့အတူ မိတ်ဆက်လာတဲ့ neckband လည်ပတ်ဒီဇိုင်း TechLife Buds ကလည်း IPX4 ရေစိုခံမှု ၊ ၁၇ နာရီ ဘက်ထရီအားခံမှုအပြင် Bluetooth 5.2 ပါလို့ ၁၀ မီတာအထိ အကွာအဝေးနဲ့ လှမ်းချိတ်နိုင်မယ်လို့ ဆိုပါတယ်။ 9.2mm Dynamic bass Drivers တွေ သုံးထားပြီး အနက် ၊ မီးခိုးနှစ်ရောင်နဲ့ လာတဲ့ ဒီနားကြပ်ကိုတော့ ရူပီး ၁၃၀၀ (မြန်မာငွေ ၃ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။