realme C2 က Budget King လို့သတ်မှတ်ခံရတဲ့ဖုန်းပါ။

Realme အနေနဲ့ နိုင်ငံတကာစမတ်ဖုန်းဈေးကွက်မှာ Xiaomi ရဲ့အဓိကပြိုင်ဘက်အဖြစ် ဆက်လက်ရပ်တည်ပြီး ထူးခြားတဲ့ထုတ်ကုန်သစ်များစွာကို မိတ်ဆက်ပေးခဲ့သလို ယခုအခါမှာ Budget King လို့သတ်မှတ်ခံရတဲ့ realme C2 စမတ်ဖုန်းသစ်ကိုပါ ထပ်မံမိတ်ဆက်ပေးလိုက်ပါပြီ။



ငယ်ရွယ်နုပျိုတဲ့လူငယ်တွေကို အဓိကဦးတည်ကာ ဆန်းသစ်လှပတဲ့ မိုဘိုင်းထုတ်ကုန်များ ဖန်တီးထုတ်လုပ်ပေးနေတဲ့ realme အနေနဲ့ ယခု Budget King series အသစ်ဖြစ်လာတဲ့ realme C2 ကိုတော့ တစ်မူထူးခြားတဲ့ Diamond Design ပုံစံနဲ့ မိတ်ဆက်ပေးလိုက်တာပါ။

အထူးသဖြင့် ဖုန်းရဲ့နောက်ကျောဘက်ပုံစံက အဆိုပါဈေးတန်းမျိုးမှာ ထိတွေ့မှုအသစ်ကိုခံစားရစေမယ့် texture ဒီဇိုင်းကို ပထမဆုံးအသုံးပြုပေးထားတာတွေ့ရပါတယ်။ ယခုမှ စမတ်ဖုန်းတစ်လုံးကိုစတင် ထိတွေ့အသုံးပြုမယ့်သူတွေအနေနဲ့ realme C2 က နောက်ဆုံးထုတ်မိုဘိုင်းနည်းပညာသစ်တွေကို Budget King ဈေးနှုန်းမျိုးနဲ့ ထိတွေ့အသုံးပြုနိုင်စေမှာပါ။

HD+ အရည်အသွေးရှိ ကြီးမားတဲ့နှင်းစက်ပုံစံ 6.1-inch display ကိုအသုံးပြုပေးထားတာကလည်း ဒီဈေးတန်းမှာတကယ့်အားသာချက်တစ်ခုပါပဲ။ စမတ်ဖုန်းသုံးစွဲသူတွေအတွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်တဲ့ battery အားကြာရှည်ခံစေဖို့အတွက်လည်း အရည်အသွေးမြင့် 4000 mAh battery အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်းမှာလည်း Dual Camera စနစ်ကြောင့် ပုံမှန်မြင်ကွင်းကျယ် ဓာတ်ပုံတွေအပြင် Portrait အလှဓာတ်ပုံတွေကိုပါ ရိုက်ယူနိုင်ဦးမှာပါ။

realme C2 မှာ user တွေတောင်းဆိုနေကြတဲ့ Theme Store ကိုပါတစ်ပါတည်းထည့်သွင်းပေးထားတယ်လို့ လည်းသိရှိရပါတယ်။ နောက်ဆုံးထုတ် ColorOS 6.0 နဲ့အတူ Android Pie ကို တိုက်ရိုက်ထိတွေ့ခွင့်ရရှိမှာ ဖြစ်ပြီး အရောင်တွေအနေနဲ့ Diamond Blue နဲ့ Diamond Black ၂မျိုးကိုရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

 နိုင်ငံတကာဈေးနှုန်းတွေအရ realme C2 မှာ မြန်မာငွေ ၂သိန်းအောက် ဈေးတန်းမျိုးဖြင့်ထွက်လာဖွယ်ရှိနေပြီး 3+32 Version ကိုလူကြိုက်ပိုများလျက်ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က