ဝင်ရောက်ကြည့်ရှုသူတွေအနေနဲ့ realme C2 စမတ်ဖုန်းသစ်တစ်လုံးကိုပါ ကံထူးခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

Realme Myanmar စမတ်ဖုန်းကုမ္ပဏီကနေပြီး လာမယ့် ဇွန်လ (၁၉)ရက်နေ့မှာ ရန်ကုန်မြို့ Lotte Hotel မှာ ကျင်းပပြုလုပ်သွားမယ့် realme C2 Fresh Experience Party ထုတ်ကုန်သစ်မိတ်ဆက်ပွဲအခမ်းအနားကို realme Myanmar Facebook Page နဲ့ အခြားအွန်လိုင်းမီဒီယာFacebook Page တို့မှတစ်ဆင့် တိုက်ရိုက် Livestream အဖြစ်ထုတ်လွှင့်ပေးသွားမှာဖြစ်ပြီး ဝင်ရောက်ကြည့်ရှုသူတွေအနေနဲ့ realme C2 စမတ်ဖုန်းသစ်တစ်လုံးကိုပါ ကံထူးခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ယခု မိတ်ဆက်ပွဲအခမ်းအနားမှာ realme ရဲ့ KOL များဖြစ်ကြတဲ့ ကောင်းမြတ်စံ၊ ယွန်းယွန်းနဲ့ ဟန်နီနွေဦးတို့ပါ တက်ရောက်ကြမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

realme C2 စမတ်ဖုန်းသစ်အတွက် ဈေးနှုန်းနဲ့ ဈေးကွက်ထဲစတင်ရောင်းချပေးသွားမယ့် အချိန်တို့ကိုပါ ယခုအခမ်းအနားမှာ ထုတ်ပြန်ကြေညာပေးသွားမှာလည်းဖြစ်ပါတယ်။

realme C2 Fresh Experience Party မိတ်ဆက်ပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်များ၊ ဖိတ်ကြားထားသောမီဒီယာများနဲ့ realme Fans များ တက်ရောက်သွားကြမှာပဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က