၂၀၁၈ ခုနှစ်ကစပြီး စမတ်ဖုန်းဈေးကွက်ထဲ ဝင်ရောက်လာတဲ့ realme ဟာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
၄ နှစ်အတွင်း realme ဟာ နံပါတ်စဉ်လိုက် Number Series စမတ်ဖုန်းပေါင်း သန်း ၄၀ အထိ ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက တရားဝင်ကြေညာပါတယ်။ ဒါဟာ Number Series အလိုက် သန်း၄၀ အထိ မှတ်တိုင်သစ်စိုက်ထူ ရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။ သုတေသနကုမ္ပဏီ Strategy Analytics ရဲ့ ထုတ်ပြန်ချက်အရ စမတ်ဖုန်းလောကရဲ့ သမိုင်းမှတ်တမ်းတစ်ခုလုံးမှာ အလုံးရေသန်း ၁၀၀ အထိ အမြန်ဆုံး တင်ပို့ရောင်းချနိုင်ခဲ့တဲ့ ရောင်းအားပမာဏအတွက် အဓိက အထောက်အပံ့ ဖြစ်စေခဲ့တဲ့ ခေတ်သစ်စမတ်ဖုန်းမိသားစုဝင်များအကြား စုပေါင်း တင်ပို့ရောင်းချနိုင်ခဲ့တဲ့ ၂၀၂၁ တတိယသုံးလပတ် စစ်တမ်းများ ဖော်ပြချက်အရ realme ရဲ့ Number Series စမတ်ဖုန်းရောင်းအားဟာ အဆင့် ၄ နေရာမှာ ရှိတယ်လို့ ဆိုပါတယ်။
ခေတ်သစ်စမတ်ဖုန်းမိသားစုဝင်တွေထဲမှာ OPPO မှ Reno ၊ Vivo မှ iQOO နဲ့ Samsung ရဲ့ Galaxy M ထုတ်ကုန်များအပါအဝင် ၂၀၁၈ ခုနှစ်က စတင်ပြီး မိတ်ဆက်ရောင်းချခဲ့တဲ့ ထုတ်ကုန်အမျိုးအစားတွေကို သတ်မှတ်ထားတာလို့လည်း ဆိုပါတယ်။ အလုံးရေ သန်း ၄၀ အထိ အမြန်ဆုံးရောင်းချနိုင်ခဲ့တဲ့ Android စမတ်ဖုန်းတွေထဲမှာ realme ဟာ ၂၀၁၈ ခုနှစ်မှာ ပထမဆုံး realme 1 ကို စတင် မိတ်ဆက်ခဲ့ပြီး ၃ လပတ် ၁၄ ကြိမ်အတွင်းမှာ အခုလို သန်း ၄၀ အထိ ရောင်းချနိုင်ခဲ့တဲ့မှတ်တိုင် စိုက်ထူနိုင်ခဲ့တာပါ။
realme အရင်က Samsung A Series ၊ Xiaomi Redmi Series ၊ OPPO A Series နဲ့ Vivo iQOO Series တို့ပဲ သန်း ၄၀ ပမာဏအထိ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။ realme ဟာ အသစ်ထွက်လာမယ့် realme 9i မှာ စွမ်းဆောင်ရည်မြင့် Chipset သစ်ကို သုံးသွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။