ကမ္ဘာ့အကြီးဆုံး Fighting Game ပြိုင်ပွဲကြီး Evolution Championship 2019 ရဲ့ Tekken 7 ချန်ပီယံဖြစ်သူ Arslan Ash ဟာ Red Bull Esports က စာချုပ်ချုပ်ဆိုခြင်းခံရတဲ့ ပထမဦးဆုံး ပါကစ္စတန် Tekken ကစားသမား ဖြစ်လာခဲ့ပါတယ်။

    ကမ္ဘာ့အကြီးဆုံး Fighting Game ပြိုင်ပွဲကြီး Evolution Championship 2019 ရဲ့ Tekken 7 ချန်ပီယံဖြစ်သူ Arslan Ash ဟာ Red Bull Esports က စာချုပ်ချုပ်ဆိုခြင်းခံရတဲ့ ပထမဦးဆုံး ပါကစ္စတန် Tekken ကစားသမား ဖြစ်လာခဲ့ပါတယ်။

Arslan Ash ဟာ အသက် ၂၄ အရွယ်ရှိပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာကျင်းပခဲ့တဲ့ Evo Japan နဲ့ Evo Las Vegas ပြိုင်ပွဲ ၂ ခုစလုံးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ Tekken ကစားသမားပဲဖြစ်ပါတယ်။ သူ့ကိုစာချုပ်ချုပ်ဆိုကာခေါ်ယူခဲ့တဲ့ Red Bull ဟာ ကမ္ဘာကျော် အားဖြည့်အချိုရည်အမှတ်တံဆိပ်ဖြစ်ပြီး သူတို့နဲ့စာချုပ်ချုပ်ဆိုထားတဲ့ အားကစားသမားတွေ Esports Player တွေဟာလည်း အများကြီးပါပဲ။




နာမည်ကြီး Dota2 အသင်းဖြစ်တဲ့ OG ကို စပွန်ဆာပေးထားတဲ့အသင်းဖြစ်ပြီး တစ်ဦးချင်းစီစာချုပ်ချုပ်ဆိုထားတဲ့ Esports ကစားသမားဟာလည်း အယောက် ၃၀ ကျော်ခန့်ရှိပါတယ်။ အဲဒီအထဲမှာ နာမည်ကျော် Streamer တစ်ဦးဖြစ်တဲ့ Ninja လည်းပါဝင်ပါတယ်။ ပါကစ္စတန်ကြယ်ပွင့် Arslan Ash ကတော့ Red Bull Esports ရဲ့တတိယမြောက် Tekken ကစားသမားဖြစ်လာမှာဖြစ်ပြီး သူ့ရှေ့မှာ အမေရိကန်နိုင်ငံသား Anakin နဲ့ ဂျပန်နိုင်ငံသူ Tanukana တို့ရှိနေပါတယ်။

         Arslan Ash ဟာ အင်တာနေရှင်နယ်ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်တဲ့ ပထမဦးဆုံးနှစ်မှာတင် အခုလိုအောင်မြင်မှုရရှိခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေကပါ သူနဲ့အတူ ပါကစ္စတန်လာပြီး လေ့ကျင့်ရတဲ့အထိ လေးစားခံရသူတစ်ဦးပါ။ ဒါကြောင့်လည်း ပါကစ္စတန် Esports အသိုင်းအဝိုင်းရဲ့သူရဲကောင်းတစ်ဦးသဖွယ် ဆက်ဆံခြင်းကိုခံရတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။


Arslan Ash အနေနဲ့ Red Bull Esports ရဲ့ Tekken ကစားသမားအဖြစ်ရပ်တည်ရတော့မှာဖြစ်တာကြောင့် မြောက်အမေရိက၊ ဥရောပ စတဲ့ဒေသတွေက ပြိုင်ပွဲတွေကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ အခွင့်အရေးပိုမိုရရှိလာတော့မှာဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က