Redmi ရဲ့ ပထမဆုံး PC Monitor ကတော့ တန်ဖိုးနည်း ဘက်ဂျက်ဈေးနဲ့ ထွက်လာပြီ ဖြစ်ပါတယ်။
Redmi Display 1A နာမည်နဲ့ ထွက်လာတဲ့ ဒီ Monitor ဟာ ချီးကျူးစရာဒီဇိုင်းနဲ့ လာပြီး အောက်ခြေမှာ ခပ်ထူထူ bezel ဘောင်နဲ့ ထွက်ထားတာပါ။ IPS LCD display အမျိုးအစား ဖြစ်ပြီး ၂၃.၈ လက်မ (1920x1080p) ရုပ်ထွက် ပါရှိပါတယ်။ ပုံမှန် အဖြူနဲ့အမည်းအကြား တောက်ပမှု အမြင့်ဆုံးအချိုး 1000:1 မှာ အမြင့်ဆုံးတောက်ပမှုအဆင့် 250 nits ရှိပါတယ်။
Photo: Gizmochina
16:9 aspect ratio ပါရှိပြီး display ဟာ 60Hz refresh rate သုံးထားတာပါ။ Redmi Display 1A ရဲ့ ဘေးဘောင်အပါးဆုံးနေရာမှာ ၇.၃ မီလီမီတာပဲ ရှိမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဘေးဘောင်အနားသတ် အလွန်သေးတာကြောင့် monitor အများနဲ့ Multi-Monitor setups သုံးနိုင်မှာပါ။ ကျောဘက်မှာ ပုံမှန် HDMI connector နဲ့ VGA port တစ်ခု ပါရှိပါတယ်။
Monitor ဟာ ၁၇၈ ဒီဂရီ field of view တစ်ခု ပါရှိပြီး မျက်လုံးထိခိုက်စေမယ့် blue light emissions နည်းဖို့ အတွက် ဂျာမန်နည်းပညာ TUV Rheinlan ရဲ့ ထောက်ခံချက် ပါရှိပါတယ်။ Redmi Display 1A အတွက် warranty ၃ နှစ် ပေးထားပြီး တရုတ်နိုင်ငံ Xiaomi official store မှာ ၅၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၁ သောင်းကျော်ဈေး) နဲ့ ရောင်းချသွားမှာပါ။