Xiaomi ရဲ့ Software Support မရမယ့် ဖုန်းစာရင်းမှာ နောက်ထပ်ထုတ်ကုန်သစ်တွေ ထပ်ပါလာပါတယ်။
Xiaomi ကုမ္ပဏီဟာ EOS (End-Of-Support) List အသစ် ထုတ်ပြန်ရာမှာ ထုတ်ကုန် ၁၀ မျိုး ထပ်ထည့်လာတာ ဖြစ်ပါတယ်။ EOS List မှာ ဖော်ပြထားတဲ့ ထုတ်ကုန်တွေဟာ Firmware နဲ့ Security Update ထပ်ရတော့မှာ မဟုတ်ပါဘူး။
EOS List မှာ အသစ်ရောက်လာတဲ့ ဖုန်းနဲ့ တက်ဘလက် ၁၀ မျိုးကတော့ Redmi K20, Redmi Note 7, Redmi Note 7S, Redmi Note 7 Pro, Redmi 7 , Redmi Y3, Mi Pad 4, Mi Pad 4 Plus, Mi Play နဲ့ Mi 9 SE တို့ ဖြစ်ပြီး ဒီထုတ်ကုန် ၁၀ မျိုးအတွက် ပုံမှန်လုံခြုံရေး Updates ပေးမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ EOS Lists ပ ါထုတ်ကုန်တွေဟာ စတင် ဖြန့်ချိချိန်ကစလို့ အနည်းဆုံး Android Update တစ်ခုရထားပြီး ဈေးကွက်ဝင် သက်တမ်း ၃ နှစ်နဲ့အထက် ရှိတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။
Redmi Not 7 Series ကို ၂၀၁၉ တုန်းက ဖြန့်ချိခဲ့တာ ဖြစ်ပြီး Major Android OS Update တစ်ခု ရထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ Redmi K20 ဆိုရင်လည်း သက်တမ်း ၃ နှစ်ခန့် ရှိတဲ့ ဖုန်းမော်ဒယ်ပါ။ ပုံမှန်အားဖြင့် စမတ်ဖုန်း ထုတ်လုပ်တဲ့ OEM အများစုဟာ ဖုန်းတစ်လုံးရဲ့ သက်တမ်းအတွင်းမှာ အများဆုံး Firmware Upgrades န နှစ်အထိပဲ ပေးထားတာပါ။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Samsung ကတော့ ၂၀၂၁ နဲ့ ၂၀၂၂ ထုတ် Samsung Flagship ထုတ်ကုန်တွေအတွက် major Android OS update ၄ နှစ်နဲ့ Security Patch ၅ နှစ် ပေးမယ်လို့ ကြေညာထားပါတယ်။
Xiaomi ကလည်း ဖုန်းတစ်လုံး ဖြန့်ချိချိန်ကစပြီး အနည်းဆုံး ၂ နှစ်အတွင်းပဲ Security Updates တွေ ပေးတာပါ။ Xiaomi EOS List ပါ ထုတ်ကုန် ၁၀ မျိုးဟာ ဒီနှစ် ဖေဖော်ဝါရီမှာ ဖြန့်ချိခဲ့တဲ့ နောက်ဆုံးပေါ် MIUI 13 Update နဲ့ လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။