ဒေါ်လာသန်း ၁၅၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့တာပါ

Xiaomi ရဲ့ နာမည်ကျော် Redmi K series ကနေ အသစ်ထွက်ထားတဲ့ Redmi K50 Lineup ဟာ တရုတ်ဈေးကွက်မှာ ဝယ်လိုအားတက်နေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့အပတ်က စတင်မိတ်ဆက်ခဲ့တဲ့ Redmi K50 နဲ့ Redmi K50 Pro တို့ကို ပထမဆုံးအကြိမ် First Say ရောင်းချရာမှာ ၅ မိနစ်အတွင်း Redmi K50 စီးရီး အလုံး ၃၃၀၀၀၀ အထိ ရောင်းချနိုင်ခဲ့တယ်လို့ Redmi ရဲ့ တရားဝင် Weibo စာမျက်နှာက ဖော်ပြပါတယ်။ Redmi K50 စီးရီးအရင် ထွက်ခဲ့တဲ့ Redmi K50 Gaming Edition လည်း တရုတ်ဈေးကွက်မှာ Flash Sale ထုတ်ရောင်းချိန်မှာ တစ်မိနစ်အတွင်း ယွမ်သန်း ၂၈၀ ကျော် (ဒေါ်လာ ၄၄.၂ သန်း) ဖိုး ရောင်းချနိုင်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ 





Redmi K50 စီးရီးကတော့ ပထမဆုံးအကြိမ် ရောင်းချတဲ့ ၅ မိနစ်အတွင်း ဒေါ်လာသန်း ၁၅၀ ကျော်ဖိုး ရောင်းချနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီကိန်းဂဏန်းတွေဟာ Xiaomi အတွက်တော့ အဆန်းမဟုတ်ပါဘူး။ Xiaomi ရဲ့ ပရီမီယံမော်ဒယ် Xiaomi 12 စီးရီးသစ် စပြီး ဈေးကွက်ဖြန့်ချိချိန်က ၅ မိနစ်အတွင်း ဒေါ်လာသန်း ၂၈၀ ကျော်ဖိုး ရောင်းချနိုင်ခဲ့သလို Xiaomi Mi 11 နဲ့ Redmi K40 တို့လည်း စရောင်းချိန် ၅ မိနစ်အတွင်း အလုံးရေ ၃ သိန်းကျော်ဖိုး ရောင်းထွက်ခဲ့ပါတယ်။ 

Redmi K40 Lineup နဲ့ မတူဘဲ Redmi K50 စီးရီးမှာ ထူးခြားတာတစ်ခုက ဖုန်းမော်ဒယ်နှစ်မျိုးစလုံး QHD+ ရုပ်ထွက်ပါ AMOLED dipslay သုံးလာတာ ဖြစ်ပြီး Pro မော်ဒယ်မှာ 4nm MediaTek Dimensity 9000 SoC ၊ 108MP Main ကင်မရာ ၊ 120W Fast Charging ပါ 5000mAh ဘက်ထရီနဲ့လာတာပါ။ ဈေးပို သက်သာမယ့် ရိုးရိုး Redmi K50 ကတော့ Dimensity 8100 ၊ 48MP Main Sensor နဲ့ လာပြီး 67W Fast Charging ပါ 5500mAh ဘက်ထရီ သုံးသွားပါတယ်။ 

အနိမ့်ဆုံးဗားရှင်း 8GB/128GB မော်ဒယ် Redmi K50 ဟာ ၂၃၉၉ ယွမ် (မြန်မာငွေ ၆ သိန်း ၇ သောင်းကျော်) ကနေ စတင်ပြီး Pro မော်ဒယ်ကတော့ ယွမ် ၃၀၀၀ (မြန်မာငွေ ၈ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး ‌နိုင်ငံတကာဈေးကွက်ထဲ ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က