ဇန်နဝါရီ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားမယ့် Xiaomi ရဲ့ Redmi စီးရီး စမတ်ဖုန်းသစ်မှာ အကြီးစားကင်မရာစနစ်ကို သုံးသွားတော့မှာပါ။
Photo: India Today
Xiaomi Redmi 7 မှာ စမတ်ဖုန်းကင်မရာလောကရဲ့ အကြီးဆုံး ကင်မရာစနစ်ကို သုံးသွားမယ်လို့သတင်းထွက်ထားတာ ဖြစ်ပါတယ်။ Redmi 7 ကို Redmi Pro 2 လို့လည်း ခေါ်သွားဖို့ရှိပြီး ထူးခြားတာက Xiaomi ဖုန်းတွေထဲမှာ ပထမဆုံး ကျောဘက် ကင်မရာ ၃ လုံး သုံးမယ့် ဖုန်းဖြစ်ဖို့လည်း ရှိပါတယ်။ ကျောဘက် ကင်မရာသုံးလုံးတွဲ စနစ်ကို Samsung နဲ့Huawei တို့မှာလည်း သုံးထားတာ ဖြစ်လို့သိပ်ပြီး အံ့သြစရာတော့ မဟုတ်ပါဘူး။
48MP ကင်မရာကို သုံးတဲ့ ဖုန်းကတော့ အတော်လေး ရှားပါသေးတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ Huawei ရဲ့ sub-brand တွေ ဖြစ်တဲ့ Nova 4 နဲ့Honor V20 တို့မှာ 48MP ကင်မရာကို သုံးထားတာပါ။ ကမ္ဘာ့အကြီးဆုံး ရုပ်ထွက်မြင့် 48MP ကင်မရာကို Sony ကုမ္ပဏီက ဇူလိုင်လထဲမှာ မိတ်ဆက်ခဲ့ပြီးနောက် Huawei brand ဖုန်းတွေမှာ သုံးလာခဲ့တာ ြဖ်စပါတယ်။
IMX586 sensor သုံး 48MP ကင်မရာဟာ ရုပ်ထွက်မြင့် ကင်မရာစနစ်အပြင် အလင်းအားနည်းတဲ့ အချိန်နဲ့နေရာမျိုးမှာ အရည်အသွေးမြင့် ဓါတ်ပုံ ရိုက်ကူးရေးအတွက် အဓိက ထုတ်ထားတာပါ။ စိတ်ဝင်စားဖို့ကောင်းတာက low-light အနေအထားမှာ pixel လေးခုကို ၁ ခုတည်းအဖြစ် ပေါင်းစည်းပြီး ရိုက်ကူးသွားမှာ ဖြစ်လို့ညပိုင်း ရိုက်ချက်တွေမှာ 12MP 1.6 micron pixel ကင်မရာနဲ့ညီမျှတဲ့ ပုံတွေ ရိုက်ကူးနိုင်တော့မယ်လို့Sony က ထုတ်ပြန်ထားပါတယ်။
IMX586 ရဲ့ ထူးခြားမှုတစ်ခုကတော့ ဒီ sensor မှာ Sony ရဲ့ original exposure ထိန်းချုပ်မှု နည်းပညာနဲ့signal processing လုပ်ဆောင်ချက်တွေ ထည့်သွင်းထားတာကြောင့် သမရိုးကျ ကင်မရာတွေထက် real-time ယှဉ်ရိုက်ချိန်မှာ ၄ ဆပိုမို စွမ်းရည်မြင့်မားတယ်လို့လည်း ဆိုပါတယ်။ slow-mo ရိုက်ချက်တွေမှာ HD video တွေကို 480 fps နှုန်းနဲ့ရိုက်ကူးနိုင်အောင်လည်း ပံ့ပိုးပေးနိုင်မှာပါ။
Photo: Android Authority
Xiaomi Redmi 7 နဲ့ပတ်သက်ပြီး ကြားထားတာက Qualcomm ရဲ့ mid-range အသားပေး Snapdragon 675 processor ၊ Adreno 612 GPU စနစ်တွေ သုံးသွားမယ်လို့ဆိုပါတယ်။ ဒီသတင်းတွေ ဟုတ်မဟုတ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာ အတိအကျ ကြားသိရမှာပါ။