အမေရိကန်အခြေစိုက် Counter Strike: Global Offensive အသင်းတစ်သင်းဖြစ်တဲ့ Renegades အသင်းမှ ကစားသမားတွေကို 100 Thieves Esports Organization က မကြာသေးခင်ကမှ စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

    အမေရိကန်အခြေစိုက် Counter Strike: Global Offensive အသင်းတစ်သင်းဖြစ်တဲ့ Renegades အသင်းမှ ကစားသမားတွေကို 100 Thieves Esports Organization က မကြာသေးခင်ကမှ စာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။


 Renegades အသင်းက ကစားသမားတွေနဲ့ အသင်းရဲ့စာချုပ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက သက်တမ်းကုန်သွားတာကြောင့် 100 Thieves အနေနဲ့ အခုလိုခေါ်ယူခဲ့ရာမှာ ပြောင်းရွှေ့ကြေးပေးခဲ့ရလား၊ မပေးခဲ့ရဘူးလား ဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဘာပဲပြောပြော Counter Strike: Global Offensive ဘက်ကို အခြေပြန်ချချင်နေတဲ့ 100 Thieves အတွက်တော့ ကောင်းမွန်တဲ့အခွင့်အလမ်းတစ်ခုလို့ ဆိုရမှာပါ။



         100 Thieves ဟာ ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ အမေရိကန်အခြေစိုက် Esports Organization ဖြစ်ပြီး ကမ္ဘာကျော်အဆိုတော် Drake တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းအဖြစ် လူသိများပါတယ်။ 100 Thieves အမှတ်တံဆိပ်အောက်မှာ League Of Legends, Fortnite နဲ့ Apex Legends အသင်းတို့ရှိပြီး လက်ရှိမှာတော့ Counter Strike: Global Offensive အသင်းကိုပါ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 100 Thieves ဟာ Counter Strike: Global Offensive အသင်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ဖွဲ့စည်းခဲ့ဖူးပေမယ့် အသင်းဟာ ၁ လကျော်ခန့်သာ သက်တမ်းကြာမြင့်ခဲ့ပြီး ဖျက်သိမ်းခဲ့ရပါတယ်။


         100 Thieves ဟာ CS:GO အသင်းဖွဲ့စည်းဖို့အတွက် ကစားသမားတွေကို ဂျူလိုင်လကတည်းက ရှာဖွေနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ Renegades ကစားသမားဟောင်းတွေကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဆန္ဒပြည့်ဝသွားပြီလို့ဆိုရမှာပါ။


100 Thieves ရဲ့ CS:GO အသင်းမှာတော့

1. AZR

2. jks

3. jkaem

4. Liazz

5. Gratisfaction

6. kassad (Coach) တို့ပါဝင်ပါတယ်။

         အဆိုပါကစားသမားတွေဟာ ၂၀၁၉ ခုနှစ်မှာ အသင်းဟောင်း Renegades နဲ့ Minor ပြိုင်ပွဲတစ်ခုသာ ချန်ပီယံဖြစ်ထားတယ်ဆိုပေမယ့် တစ်နှစ်လုံးစာ စွမ်းဆောင်ရည်ကတော့ တော်တော်လေးကောင်းမွန်တယ်လို့ ဆိုရမှာပါ။ HLTV ရဲ့ CS:GO World Ranking မှာလည်း အဆင့် ၇ ကိုရရှိထားတဲ့အသင်းပဲဖြစ်ပါတယ်။ အဖွဲ့အစည်းအသစ်အောက်ကို ရောက်ရှိပြီးတဲ့နောက်မှာရော ဒီလိုလက်စွမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ဦးမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က