ပထမဆုံး Pro+ ကို မြင်ရမယ့် Reno10 စီးရီးအဖြစ် မိတ်ဆက်မှာပါ

Reno10 ကို ဇူလိုင်မှာ ကြေညာမယ်လို့ OPPO ပြောခဲ့တဲ့အတိုင်း မော်ဒယ် 3 မျိုးကို Website မှာ ကြော်ငြာနှင့်ပါပြီ။

မြင်ဖူးနေကျ စီးရီးနဲ့ မတူတာ Pro+ အလုံး ပါလာတာဖြစ်ပြီး Flagship ထက် Mid-range ကို ပိုအားစိုက်ထားပုံ ရတယ် ၊ Center Punch-hole Display နဲ့မြင်ရမယ့် Reno10 စီးရီးရဲ့ အဓိက Highlight ဖြစ်မှာက ကင်မရာပိုင်းလို့ မြင်တယ်။

လတ်တလော မိတ်ဆက်ဖို့ ရှိနေတဲ့ Vivo X90s ၊ Nothing Phone 2 နဲ့ OnePlus Nord 3 တို့ရဲ့ အချက်လက်နဲ့ နှိုင်းရသလောက် X90s နဲ့ Nord 3 ကင်မရာပိုင်းနဲ့ သိပ်မကွာဘူး ၊ Nothing တလုံးထဲသာ ကင်မရာပိုင်း ပေါက်ကြားထားခြင်း မရှိသေးလို့ 2023 နှစ်လယ်ပိုင်း ထွက်မယ့် ဖုန်းသစ်တွေက စိတ်ဝင်စားဖို့ ကောင်းစေပါတယ်။

ဒိနောက်ပိုင်း Galaxy Unpack လည်း လာဦးမှာဆိုတော့ ကင်မရာ တိုက်ပွဲဖက် ပြန်လည့်ရရင် Pro+ ကို Sony IMX890 50MP Main Sensor ၊ 64MP OIS Telephoto နဲ့ တွေ့ရမှာ ဖြစ်ပြီး 10 Pro မှာကျ 32MP Sony IMX709 Tele ဖြစ်သွားမှာပါ။

Display ပိုင်းမှာ 120Hz Refresh Rate ပါဝင်မှာဖြစ်ပြီး 10 Pro နဲ့ Pro+ မှာ 12GB RAM နဲ့ 256GB Storage ပါမယ် ၊ အရောင် အနေနဲ့ Glossy Purple နဲ့ Silver Grey နှစ်မျိုးနဲ့ ရနိုင်ပြီး Reno10 ကို Ice Blue သို့ Silver Grey နှစ်ရောင်ကို 8GB RAM နဲ့ မိတ်ဆက်ဖို့ ရှိမှာပါ။

Reno10 Series စျေးနှုန်းနဲ့ ပတ်သက်လို့ ကြေညာမယ့် ဇူလိုင် 15 ကျ သိရမှာဖြစ်ပြီး လတ်တလော မိတ်ဆက်ဖို့ ရှိနေတဲ့ ဖုန်းမော်ဒယ်သစ်တွေကို ဘယ်လိုသဘောရလဲ?

Source: GizmoChina

Share

Loading Next Article...
က္က