Curved AMOLED Display ၊ Sony IMX890 Sensor ၊ SuperVOOC နည်းပညာတွေနဲ့ OPPO မိတ်ဆက်ခဲ့ပါတယ်

ထွက်မယ် တကဲကဲ ပွဲဆူအောင် လုပ်ထားတဲ့ Reno10 စီးရီးကို အရောင်အသွေး စုံလင်စွာနဲ့ အိန္ဒိယမှာ OPPO မိတ်ဆက်ခဲ့ပါပြီ။

ကြမ်းခင်းစျေး ဒေါ်လာ 350 စရောင်းမယ့် 10 Series မှာ Reno10 ၊ Reno10 Pro နဲ့ Reno10 Pro+ ဆိုပြီး သုံးမျိုးသုံးစား ရှိပြီး Pro နဲ့ Pro+ ကို Silvery Grey နဲ့ Glossy Purple နှစ်ရောင် ၊ Reno10 ကိုကျ Silvery Grey အပြင် Ice Blue နှစ်ရောင်နဲ့ ရွေးချယ်ပြီး ပန်းရောင်လိုချင်လို့ သွားပြောလို့ မရပါဘူး။

အပန်းရောင် 10 Pro ကို ကန်ဒေါ်လာ 485 ၊ Pro+ ကို ကန်ဒေါ်လာ 670 ပေးရမှာဖြစ်တဲ့အပြင် Upper Mid-range နွယ်ထားတဲ့ ဖုန်းမှာ 12GB RAM နဲ့ 256GB Storage ပါမှာပါ။

Specs တွေ အနေနဲ့က Reno10 မှာ Dimensity 7050 SoC သုံးထားပြီး 120Hz Refresh Rate ပေးထားတဲ့ 6.7” Curved AMOLED Display နဲ့ လာပါတယ်။

4,600 mAh Battery ပါတဲ့ ဖုန်းကို 67W VOOC Fast Charging ထောက်ပံ့ထားပြီး 10 Pro မှာ Snapdragon 778G SoC ကို 80W Super VOOC Fast Charge အဖြစ်နဲ့ မိတ်ဆက်ထားပါတယ်။

ကင်မရာပိုင်းမှာ 50M IMX890 (f/1.8) Main ၊ 8MP Ultra-wide နဲ့ 32MP Tele Lens ကို 10 Pro တွက် သုံးထားပြီး Display အရည်သွေးက Reno10 နဲ့ အတူတူပါ၊ သူ့မှာ 64MP (f/1.7) Primary ၊ 32MP Tele နဲ့ 8MP Ultra-wide ပါပြီး 32MP Selfie ကင်မရာကိုကျ 10 နဲ့ 10 Pro နှစ်မျိုးလုံးမှာ သုံးထားပါတယ်။

10 Pro+ မှာ Snapdragon 8+ Gen1 နဲ့ ကြေညာခဲ့ပြီး 100W Super VOOC Fast Charging သုံးနိုင်တဲ့ 4,700 mAh Battery နဲ့ ဖြစ်သွားပါတယ်။ LTPO AMOLED Display က 120Hz Refresh Rate နဲလာပြီး Curved 6.74” နဲ့ ပွဲထုတ်ထားပါတယ်။

Pro+ မှာ ကွဲသွားတဲ့ အဓိကအချက်က 50MP IMX890 Primary ၊ 64MP (f/2.5) Periscope Lens နဲ့ 8MP Ultra-wide ဆိုပြီး ကင်မရာပိုင်း အဆင့်မြင့်ထားတာပါ။

Reno10 Series ကို ဇူလိုင်လ 13 နဲ့ 20 ရက်အတွင်း ရောင်းချသွားမယ်လို့ သိရပြီး စျေးနှုန်း အပြောင်းလဲ ရှိနိုင်ပါတယ်။

Source: Livemint

Share

Loading Next Article...
က္က