ဘယ်လိုဖြစ်ရတာလဲကွယ်။

မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ ပိုင်တံခွန်က ချစ်သူများနေ့မှာ စုံတွဲတွေကို မနာလိုဖြစ်နေလို့ နေပါတယ်။ သူ့အတွက် ချစ်သူမလိုပါဘူးလို့လည်း ပြောထားပါသေးတယ်။

Photo : ပိုင်တံခွန်



မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်က ချစ်သူများနေ့မှာ ခံစားရတဲ့ သူ့ရဲ့ ခံစားချက်ကို ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ Ro နေတဲ့ စုံတွဲတွေကိုလည်း မနာလိုဖြစ်နေပြီး ရည်းစားထားရမှာကိုလည်း ကြောက်နေတယ်လို့ ဆိုပါတယ်။

“ငါရှေ့မှာ လာရိုနေတဲ့ စုံတွဲတွေကို ဖင်ကနေ ပိတ်ပိတ်ကန်ချင်တယ်။ ယုတ်မာမာဘဲ” ဆိုပြီး ဖေဖော်ဝါရီ (၁၄) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာတွေ့ရပါတယ်။

Photo : ပိုင်တံခွန်

သူ့အတွက် ချစ်သူလည်း မလိုပါဘူးတဲ့ ချစ်တဲ့ကလေးတွေကြောင့် သူ့ဘဝလေးက ပြည့်စုံနေပါပြီလို့ ဆက်လက်ပြောထားပါသေးတယ်။လက်ရှိမှာတော့ သူ့ဟာ ရည်းစားထားရမှာကို သိပ်ကြောက်နေတဲ့ FA ကြီးပါလို့လည်း ဆိုပါတယ်။ ပိုင်တံခွန်ရဲ့ ခံစားချက်လေးကို ပရိသတ်တွေကြည့်ပြီး သဘောကျနေကြ ပါတယ်။ တချို့ပရိသတ်တွေကလည်း လက်ရှိမှာ single လို့ပြောပြီးနောက်ကျရင် အတွဲနဲ့ မမြင်ချင်ဘူးနော်ဆိုပြီး မှတ်ချက်လေးတွေ ပေးထားကြပါသေးတယ်။

Photo : ပိုင်တံခွန်

ပိုင်တံခွန်က လက်ရှိမှာ ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်နေပြီး အနုပညာအလုပ်တွေ ဆက်တိုင်ဆိုသလို လုပ်နေတာလည်း တွေ့ရပါတယ်။ ထို့အပြင် သူ့နာမည်နဲ့ ကိုယ်ပိုင် Brand တစ်ခု ထွက်ဖို့ကိုလည်း ပြင်ဆင်နေပါတယ်။

 လောလောဆယ်မှာ ယောကျ်ားလေးရော၊ မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုကို ကျွန်တော် ထုတ်နေတယ်။ သိပ်မကြာခင်မှာ ပရိသတ်လက်ထဲကို ကျွန်တော် ထည့်ပေးမယ်။ ဒါပေမယ့် အဲ့ဒါ ဘာပစ္စည်း ဘာ Brand လဲ လို့မေးရင် ကျွန်တော် ဖြေလို့မရသေးဘူး။ Brand နဲ့ ပတ်သက်ပြီး မပြီးမြောက်သေးတဲ့ ကိစ္စတွေလည်းရှိနေတော့ အမှားအယွင်းဖြစ်မှာကိုလည်း ကျွန်တော် စိုးရိမ်တယ်''လို့ Duwun Media သို့ ဖြေဆိုဖူးပါတယ်။

Photo : ပိုင်တံခွန်

မော်ဒယ်အလုပ်မှာအောင်မြင်သလို၊ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးရေးတွေများလာတဲ့ ပိုင်တံခွန်(Paing Takhon) က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ မှာ ထွက်ရှိခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က