စင်ပေါ်မတက်တာ ၈ နှစ်ကျော်ပြီတဲ့။

ဇဏ်ခီက ၈ နှစ်ကျော်အကြာမှ စင်ပေါ်တက်ပြီး သီချင်းတွေပြန်ဆိုရတဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ အားပေးတဲ့ ပရိသတ်တွေရှိခဲ့တာကြောင့် အင်အားတစ်ခု ဖြစ်ခဲ့ပါတယ်တဲ့။

Photo: Mauk Kham Wah

ဇဏ်ခီဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ညက We Rock for Justice ဂီတဖျော်ဖြေပွဲကြီးမှာ အဆိုတော်ဇော်ဝင်းထွဋ်နဲ့အတူ သီချင်းသီဆိုဖျော်ဖြေခဲ့တာကို တွေ့ရပါတယ်။ ဇဏ်ခီဟာ ဂီတနဲ့ပတ်သက်ပြီး ၈ နှစ်ကြာမှ စင်ပေါ်တက်ဖျော်ဖြေခဲ့ရတဲ့ ခံစားချက်တွေကို အခုလိုပြောပြလာပါတယ်။

‘’မနေ့ညကတော့ တကယ်အိပ်မက်ကြီးလိုပါပဲ။ စင်ပေါ်မတက်တာ ၈နှစ်ကျော်ကြာသွားပြီး တက်တော့လည်း Rock ခင်္သြေ့ကြီးနဲ့ duet ဖျော်ဖြေဖို့ဖြစ်လာတယ်။ ဖျော်ဖြေရဖို့ သေချာပြီဆိုတဲ့နေ့ကတည်းက guitar ကို ပုံမှန်ပြန်ပြီးလေ့ကျင့် သီချင်းစာသားတွေကျက် ဆိုတာတွေလေ့ကျင့်ထားတဲ့အကျိုးတွေကတော့ တကယ်စင်ပေါ်တက်တော့ အရှက်မကွဲခဲ့ဘူးပေါ့လေ’’ဆိုပြီးတော့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: Mauk Kham Wah

အဲဒီနောက် ဇဏ်ခီက ဖျော်ဖြေပွဲမှာ အားပေးကူညီခဲ့ကြသူတွေကို ကျေးဇူးတင်စကားပြောပြထားပါတယ်။ ဒီလို အားပေးမှုတွေကြောင့် သူ့ရဲ့ တစ်ကိုယ်တော်အခွေအသစ်အတွက် ကြိုးစားမှုတွေက အားအင်ဖြစ်စေတယ်လို့ ဆိုပါတယ်။

‘’ကိုညီထွဋ်နဲ့ Emperor အဖွဲသားတွေရဲ့ဖေးမမှုတွေ၊ ROS က ကိုဇော်လတ်ရဲ့ ကျွန်တော့်ဂစ်တာသံ ကောင်းကောင်းထွက်လာအောင် ကူညီမှုတွေ၊ OAZK တွေ We Love တွေ နဲ့အတူ ပရိတ်သတ်ရဲ့အားပေးမှုတွေ၊ My Justice အဖွဲ့ရဲ့ဂရုစိုက်မှုတွေ၊ baby ပိစိရဲ့အားပေးမှုတွေ၊ သူငယ်ချင်းတွေရဲ့အားပေးမှုတွေ အားလုံးအားလုံးကို အထူးအထူးပဲ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ နောက်အခွေအတွက်ရော future one man show အတွက်ရော အားတွေအများကြီးရှိသွားပါပြီ’’ လို့ ဆက်လက် ပြောပြထားပါတယ်။

Photo: Mauk Kham Wah

ဇဏ်ခီဟာ သရုပ်ဆောင်တစ်ယောက် မဖြစ်ခင်ကတည်းက ဂီတအလုပ်တွေ လုပ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ ‘’ဘဝခရီးသည်’’ သီချင်း၊ "Blaze Of Glory" သီချင်းတို့ကို ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့ပါတယ်။ အဲဒီနောက် အဆိုတော်မဒီရဲ့ နာမည်ကျော် သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘’ဒဏ္ဏာရီ’’ သီချင်းကိုလည်း ဇဏ်ခီက ရေးစပ်သီကုံးပေးထားတာ ဖြစ်ပါတယ်။

Photo: Mauk Kham Wah

ဇဏ်ခီ့ကိုတော့ ‘’ဥပါယ်တံမျဉ်’’ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် မြန်မာပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ‘’မုဒြာရဲ့ခေါ်သံ’’ ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့ပြီး အောင်မြင်မှုတွေ ပိုမိုပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာတော့ ဒါရိုက်တာခရစ္စတီးနားခီရိုက်ကူးတဲ့ ‘’ထာဝရနှောင်ကြိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့အတူ ဇဏ်ခီက အဓိက သရုပ်ဆောင်အဖြစ် ပါဝင်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က