ချစ်သူ သက်တမ်း ၁ နှစ်ပြည့်ပါပြီတဲ့။

ဆိုဖီယာတို့ ချစ်သူနှစ်ဦးက ချစ်သူသက်တမ်း ၁ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်ရေးအပေါ်မှာလည်း မိဘတွေက နားလည်မှုအပြည့်ပေးထားကြတယ်လို့ ဆိုပါတယ်။



Photo: ဆိုဖီယာ



အဆိုတော်မလေး ဆိုဖီယာနဲ့ သူ့ရဲ့ချစ်သူ အောင်ဝင်းဇော်တို့ဟာ ဇန်နဝါရီလ ၁၅ ရက်နေ့ မှာပဲ ချစ်သူ သက်တမ်း ၁ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ ချစ်သူသက်တမ်း နှစ်ပတ်လည်မှာ ငွေဆောင်ကမ်းခြေကို အလည်အပတ်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

‘’ Happy One Year Anni at Eskala Resort , Thanks Eskala for the sweetest dinner menu and perfect service The voice of the sea speaks to the soul’’ ဆိုပြီးတော့ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာတွေ့ရပါတယ်။ 

ကမ်းခြေမှာလည်း ရိုမန့်တစ်ဆန်တဲ့ ညစာစားပွဲလေးက သူတို့ ချစ်သူ နှစ်ဦးအတွက် အရမ်းကို လှပတဲ့ ပုံရိပ်တစ်ခုကို ဖြစ်ပေါ်စေမှာပါ။ 

Photo: ဆိုဖီယာ

ဆိုဖီယာတို့ ချစ်သူနှစ်ဦးကိုတော့ ပရိသတ်တွေကလည်း ချစ်ခင်အားပေးလျှက်ရှိကြပါတယ်။ အဲ့ဒီနောက် နှစ်ဖက်မိဘတွေကလည်း သိကြတယ် လို့ ဆိုပါတယ်။ ဆိုဖီယာက လက်ရှိမှာ မောင်လေးနဲ့ မမ ဆိုတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

''နှစ်ဖက်မိဘတွေတော့ သိတယ်၊ ဒါပေမယ့် သူတို့လည်း မသိချင်ယောင်ဆောင်နေကြတယ်။ ဒါပေမယ့်မိဘတွေက Public မှာ ပြတာ သိပ် မကြိုက်ကြဘူးပေါ့နော်။ ဒီ့အတွက် ကိုယ်လုပ်တာကိုလည်းသူတို့ သိတော့ ကိုယ့်ကိုလည်းမပြောတော့ဘူး၊ သူက ဆိုဖီ့ထက် ငယ်တယ်။ သူက ၂၃ ဆိုဖီက ၂၆ပြည့် ပြီး သွားပြီဆိုတော့ ၃ နှစ်ကျော်ကျော်လောက်ငယ်တယ်'' လို့ ဆိုပါတယ်။

Photo: ဆိုဖီယာ

ဆိုဖီယာဟာ အောင်မြင်တဲ့ အဆိုတော်တစ်ဦးဖြစ်ပေမယ့် ချစ်သူကတော့ အနုပညာလောကထဲက မဟုတ်ပါဘူး။ သူ့ရဲ့ အနုပညာအလုပ်တွေကိုလည်း နားလည်ပေးသူဖြစ်တဲ့အတွက် အဆင်ပြေပေမယ့် တစ်ခါတလေမှာ သဝန်တိုတတ်တာမျိုးတွေရှိတယ်လို့ ဆိုုပါတယ်။

''ဆိုဖီက အနုပညာအလုပ်လုပ်တာဆိုတော့ တစ်ခါတလေ သူ သဝန်တိုတာလေးတွေရှိတာပေါ့။အဲ့ဒီအခါကျရင် သေချာရှင်းပြတယ်၊ ပြောပြ တယ်။ တကယ်လည်း သွားသွားလာလာမှာ သူလည်းပါနေတာဆိုတော့ ကျန်တာတွေ ညှိစရာတော့ သိပ်မရှိပါဘူး'' ဆိုပြီးတော့ A|X Fashionဆိုင်ရဲ့ ဒီဇိုင်းအသစ်တွေ မိတ်ဆက်ပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

Photo: ဆိုဖီယာ

ိုဖီယာက Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က