ပုံစံပြောင်းသင့်ရင် ပြောင်းမှာပါ။

ထူးအောင် က Romantic ဆန်တဲ့ ဇာတ်ကားလေးတွေ ရိုက်ချင်တယ်လို့ ဖွင့်ပြောလာပါတယ်။ သူလည်း ချစ်တတ်တဲ့ နှလုံးသားရှိတဲ့သူမို့ပါတဲ့။

Photo: Amazing Grace



ထူးအောင်ကတော့ လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူဟာ Romance ဆန်တဲ့ အချစ်ဇာတ်ကားလေးတွေ ရိုက်ချင်သေးတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်ကတော့ အကုန်လုံးကို ရိုက်ပြချင်တယ်။ ကျွန်တော် လုပ်ပြချင်တဲ့အရာတွေလည်း အများကြီးရှိပါတယ်။ အက်ရှင်ဆိုရင်လည်း ပိုမိုက်တဲ့ အက်ရှင်ဇာတ်ကားမျိုးလေးတွေ ကျွန်တော် ရိုက်ပြချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ကြိုးစားနေတုန်းပဲရှိပါတယ်။ Romance ကားလေးတွေလည်း ကျွန်တော် ရိုက်ချင်သေးတယ်။ ဒီနှစ်ထဲမှာ ရိုက်မယ့် ဇာတ်ကားတွေထဲမှာ အချစ်ကားလေးကတော့ နည်းဦးမယ်။ ၂၀၂၀ ထဲမှာတော့ ရိုက်နိုင်အောင် ကြိုးစားမှာပါ’’လို့ သူကဆိုပါတယ်။

Photo: Htoo Aung

အချစ်ဇာတ်ကားလေးတွေကို အရမ်းရိုက်ချင်တဲ့ အကြောင်းအရင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။ သူလည်း ချစ်တတ်တဲ့သူဖြစ်တာကြောင့် ရိုက်ချင်တာပါတဲ့။

‘’ Romance ကတော့ ကျွန်တော့်အတွက် မခက်ခဲပါဘူး။ ကျွန်တော်လည်း ချစ်တတ်တဲ့ နှလုံးသားရှိတာပဲလေနော်။ ကျွန်တော့်ရဲ့ ပုံစံတွေ ဆံပင်စတိုင်လ်တွေ အကုန်ပြောင်းရမှာပေါ့နော်။ ၁၀ လပိုင်းလောက်မှာတော့ ဇာတ်ကားတစ်ကားရိုက်ဖို့ရှိသေးတယ်။ ဘာကားလဲ ဆိုတာကတော့ စောင့်ကြည့်ပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က စစ်ကား ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Htoo Aung

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။ အခုဆိုရင်တော့ သူဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးလာရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က