ဒါရိုက်တာ ထူးပိုင်ဇော်ဦးက Running Man အဖွဲ့ဝင်တွေဖြစ်တဲ့ ဂွမ်ဆူတဲ့ ဂျယ်ဆော့တို့ မြန်မာနိုင်ငံကို လာမယ်ဆိုလို့ ရင်ခုန် စွာ နဲ့ စောင့်မျှော် နေပါတယ်တဲ့။ Running Man ရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်တဲ့ အကြောင်းလည်း ရေးသားထား ပါသေးတယ်။
Photo: Htoo Paing Zaw Oo fb
ဒါရိုက်တာ ထူးပိုင်ဇော်ဦးတစ်ယောက် Running Man အဖွဲ့ဝင်တွေ ဖြစ်တဲ့ လီဂွမ်ဆူနဲ့ ယူဂျယ်ဆော့ တို့ဟာ အစီအစဉ်တစ်ခုအနေနဲ့ မြန်မာ နိုင်ငံကို ရောက်ရှိလာတော့မယ် ဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။ သူဟာ Running Man အစီအစဉ်ရဲ့ အမာခံ ပရိသတ် တစ်ဦးဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။
'' အသက်ဘယ်လောက်ကြီးကြီး Running Man ကြည့်ရတဲ့ အချိန်ဆို ကလေးဖြစ်သွားတယ်။ Lee Kwang Soo , Yu Jae Suk နဲ့ Ha Ha ဆို ကိုယ့် အမျိုးလိုကို ချစ်တာ။ ဘာအစီအစဉ်နဲ့ လာကြလဲ မသိပေမယ့် Lee Kwang Soo နဲ့ Yu Jae Suk မြန်မာပြည်လာတယ်ဆိုတာနဲ့ တင် ရင်ခုန်ပျော်ရွှင်ကြည်နူးရတယ်!စိတ်ညစ်တဲ့ အချိန် ဝမ်းနည်းတဲ့ အချိန်ပျော်တဲ့ အချိန် တိုင်း ၈ နှစ်တာ ကာလမှာ တစ်ပတ်မှမပြတ် ကြည့်ပြီး စိတ်ပျော်ရွှင်စေတဲ့ အတွက် ကျေးဇူးပါ။ I AM RM Biggest Fan'' ဆိုပြီးတော့ စက်တင်ဘာလ ၇ရက်နေ့ ၁ နာရီ မိနစ် ၂၀ က သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။
Photo: Running Man Myanmar Page
ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဟာ ည ရုပ်ရှင်ဇာတ်ကားကြီးကနေ တဆင့် အောင်မြင်မှုတွေရရှိလာသူတစ်ဦးပါ။ ဒီရုပ်ရှင်ဇာတ်ကား ကြီးကလည်း ၂၀၁၇ ခုနှစ် အကယ်မီစာရင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပေမယ့် နောက်ဆုံးဆန်ကာတင် စာရင်းမှာ ကျန်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Supense horror ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရိုက်ကူးပုံဖော်နေပါတယ်။
Photo: Htoo Paing Zaw Oo fb
သူ့အနေနဲ့ ည ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ သရုပ်ဆောင်အသစ်တွေကို မြေတောင်မြှောက်ပေးခဲ့တာဖြစ်ပြီး ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကား ကြီးကိုလည်း သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ သူ့ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အကယ်ဒမီ ထွန်း အိန္ဒြာဗိုလည်း ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ထူးပိုင်ဇော်ဦးရဲ့ ဒုတိယမြောက်ရုပ်ရှင်ကားထဲမှာ ပါဝင်မယ့် ထွန်းအိန္ဒြာဗို
Photo: Running Man Myanmar Page
ဒါရိုက်တာ ထူးပိုင်ဇော်ဦးကဆရာမဂျူးရဲ့ "လရဲ့အောက်ဘက်မိုင်အဝေးမှာ" ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည် အသက်သွင်း တော့မှာ ဖြစ်ပါတယ်။ဒါကြောင့် ယင်းရုပ်ရှင်ဇာတ်ကားအတွက် မင်းသားသစ်များကိုလည်း စတင်ခေါ်ယူလို့နေပါပြီ။