R ဇာနည်အတွက် The Voice Myanmar Coaches တွေက မွေးနေ့ Surprise လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကူးရေး အတူတူလုပ်နေရင်း မိတ်ဆွေတွေက မွေးနေ့ Surprise လုပ်ခဲ့တာပါ။
Photo : Rဇာနည်
ဖေဖော်ဝါရီ(၆) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဆိုတော် R ဇာနည်ရဲ့ မွေးနေ့အတွက် The Voice Myanmar အဖွဲ့သားတွေက ရိုက်ကူးရေး လုပ်နေရင်း မွေးနေ့ Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျားပေါက်၊ ရန်ရန်ချမ်းနဲ့ နီနီခင်ဇော်တို့က R ဇာနည်အတွက် အနီရောင် ကားပုံစံ မွေးနေ့ကိတ်လေးနဲ့ Surprise လုပ်ခဲ့တာပါ ။
အနုပညာမောင်နှမတွေရဲ့ Surprise ကြောင့်လည်း R ဇာနည်တစ်ယောက် အံ့သြပြီး ပျော်ခဲ့ပါတယ်။ မွေးနေ့ဗီဒီယိုဖိုင်လေးကိုလည်း The Voice Myanmar ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖေဖော်ဝါရီ(၆) ရက်နေ့ ညက တင်ထားတာ တွေ့ရပါတယ်။
R ဇာနည်ဟာ မွေးနေ့မှာ မိသားစုနဲ့အတူ အလှူအတန်းတွေလည်း ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ သူ့ရဲ့ မွေးနေ့မှာ မွေးနေ့ဆုတောင်းပေးကြတဲ့ ပရိသတ်တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း ကျေးဇူးတင်စကား ပြောထားတာပါသေးတယ်။
“ကျွန်တော့်ကိုချစ်ခင်တဲ့စိတ်နဲ့ မေတ္တာထား ပြီးမွေးနေ့ဆုတောင်းပေးကြသူ များအားလုံးကို ဒီနေရာကနေ့ မေတ္တာပို့သလို့ ကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လဲလဲ ပြောကြားလိုက်ပါတယ် အားလုံးပဲ အေးချမ်းသာယာချမ်သာကျမ်းမာကြပါစေ။အသက်အရမ်းမကြီးသေးတဲ့ Rဇာနည်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာဖေဖော်ဝါရီ(၆) ရက်နေ့ ညက ရေးသားထားတာတွေ့ရပါတယ်။
Photo : Rဇာနည်
Rဇာနည်ဟာ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ သွားနေသလို မကြာခင် ထုတ်လွှင့်ပြသတော့မယ့် The Voice Myanmar Season 2 အတွက် ရိုက်ကူးရေးတွေလည်း ပြုလုပ်လျက်ရှိပါတယ်။ သူဝါသနာပါတဲ့ ဂီတအလုပ်တွေ လုပ်ရင်း ဘာသာရေးကိုလည်း အရင်ကထက် ပိုမိုလုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။
Photo : Rဇာနည်
Rဇာနည် (R Zar Nyi)က င့ါကိုချစ်တဲ့သူ၊ စည်းတစ်ဖက်ခြား စတဲ့ တစ်ကိုယ်တော်အခွေတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပြီး အတွဲခွေတွေ များစွာမှာလည်း ပါဝင်သီဆိုခဲ့သူပါ။ ထို့နောက် Owntune သီချင်းတွေချည်း ပါဝင်တဲ့ ကမ္ဘာသား သီချင်းခွေကလည်း ပရိသတ်တွေကြားပေါက်ခဲ့တဲ့ သီချင်းခွေတစ်ခွေ ဖြစ်ခဲ့ပါတယ်။ Rဇာနည်ဟာ လက်ရှိမှာ သားနှစ်ယောက် ပိုင်ဆိုင်ထားပါတယ်။ သာယာတဲ့ မိသားစုလေးနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုု လုပ်ဆောင်နေတဲ့ အောင်မြင်နေဆဲ အဆိုတော်တစ်ဦးဖြစ်ပါတယ်။