ရော်နယ်ဒိုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြတာပါ။

ဖာဂူဆန်ဟာ အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့အပေါ် UFC ဖိုက်တာဟောင်း ခါဘစ်နဲ့အတွေ့မှာ မှားယွင်းတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 


ယူနိုက်တက်နည်းပြဆိုးလ်ရှားက သူ့ရဲ့လူထုတ်ပုံဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆရာဟောင်းဖာဂူဆန်ရဲ့ ဝေဖန်မှုတွေအတွက် သူဘာမှမဖြစ်ဘူးလို့ ပြောဆိုလိုက်ပြီး အခုလို သဘောထားကွဲလွဲတာမျိုးဟာ သူနဲ့ဖာဂူဆန်ကြား ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ ဖာဂူဆန်ဟာ အဲဗာတန်နဲ့ပွဲမှာ ရော်နယ်ဒိုကို ချန်လှပ်ခဲ့တဲ့အပေါ် UFC ဖိုက်တာဟောင်း ခါဘစ်နဲ့အတွေ့မှာ မှားယွင်းတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 



ဆိုးလ်ရှားကတော့ ဝေဖန်မှုတွေကို လျစ်လျူရှုထားကာ ရော်နယ်ဒိုရဲ့အကောင်းဆုံးပုံစံကို ရရှိဖို့ဆိုရင် တခါတလေမှာ အနားယူဖို့လိုအပ်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်စတာနဲ့ကစားရမယ့်ပွဲမတိုင်ခင်မှာ ခါဘစ်နဲ့ ဖာဂူဆန်တို့ စကားပြောဆိုခဲ့မှုတွေနဲ့ပတ်သက်ပြိးတော့လည်း ဆိုးလ်ရှားက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ 

"အဲဒါနဲ့့ပတ်သက်လို့ ကျွန်တော့်စိတ်ထဲမှာတော့ အေးဆေးပါပဲ၊ ဆာအဲလက်စ်နဲ့ သဘောထားမတိုက်ဆိုင်တာတွေက အကြိမ်အနည်းငယ်လောက်ရှိခဲ့ဖူးပါတယ်၊ သူနဲ့သဘောထားကွဲလွဲတိုင်းမှာ ငါနဲ့ဆာအဲလက်စ်တော့ ဒီလိုတွေဖြစ်နေတယ်ဆိုပြီး ကျွန်တော့်ဇနီးကိုပြောပြနေကျပါ၊ ဒါပေမယ့်လည်း ကစားသမားတစ်ယောက်အနေနဲ့ ဘယ်တော့မှ ခေါင်းစီးပိုင်းမဖြစ်ခဲ့ပါဘူး၊ ဆာအဲလက်စ်က ကျွန်တော့်ကို မနှောင့်ယှက်ဘူးဆိုတာကို ကျွန်တော်သိပါတယ်"

"ကျွန်တော်တို့အားလုံးက ရော်နယ်ဒိုကစားတာကို မြင်ချင်ကြတယ်၊ အားလုံးပေါ့၊ ဒါပေမယ့် သူက ထူးခြားတဲ့ကစားသမားပါ၊ ကွဲပြားခြားနားသူပါ၊ လူတိုင်းက သူ့ကစားတာကိုကြည့်ဖို့အတွက် ရောက်လာကြတာပါ၊ ဒါပေမယ့်လည်း ရှင်းရှင်းပြောမယ်ဆို သူက ပွဲတိုင်းကစားလို့မှမဖြစ်နိုင်တာ၊ ဒါက ရုပ်ပိုင်းဆိုင်ရာအရသဘာဝပဲ၊ လူသားသဘာဝပါပဲ၊ ဒီအလုပ်က ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ ဆာအဲလက်စ် သိပါတယ်"

"တူညီတဲ့ကစားသမား ၁၁ ယောက်နဲ့ သူလည်း ဘယ်တုန်းကမှ မကစားခဲ့ပါဘူး၊ ရွိုင်ယန်ဂစ်၊ ရွန်နီ၊ ဘက်ခမ်တို့အနားယူတဲ့အချိန်မျိုးဆို သူ စွန့်စွားမှုနည်းနည်းလုပ်ခဲ့တယ်၊ အလုပ်ဖြစ်ခဲ့တာရှိသလို၊ မဖြစ်ခဲ့တာလည်းရှိပါတယ်" လို့ ဆိုးလ်ရှားကပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ဒီနေ့မှာ လက်စတာနဲ့ အဝေးကွင်းပွဲကစားသွားရဖို့ရှိနေပြီး ဗီလာ၊ အဲဗာတန်တို့ပွဲက အမှတ်လျော့ခဲ့မှုတွေကို ဖာထေးရမယ့်ပွဲလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က