ပွဲအပြီးမှာ နည်းပြဆန်းတို့စ်ကို လက်ဟန်အမူအယာတွေလုပ်ပြနေခဲ့တာပါ။

ရော်နယ်ဒိုလည်း အသင်းကို မကယ်တင်ပေးနိုင်ခဲ့တော့ဘဲ အရှုံးကိုသာ စိတ်ပျက်လက်ပျက်နဲ့ရင်ဆိုင်ခဲ့ရပြီး ကွင်းအတွင်းမှာ အမူအယာပေါင်းစုံနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကာ မှိုင်တွေနေခဲ့ရပါတယ်။ 


ဆာဘီးယားကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ ပေါ်တူဂီအသင်းခေါင်းဆောင်ရော်နယ်ဒိုဟာ နည်းပြနူနိုဆန်းတို့စ်နဲ့ လက်ဆွဲမနှုတ်ဆက်ခင်မှာ သူ့ရဲ့ဒေါသထွက်စိတ်ပျက်နေမှုတွေကို ဖုံးကွယ်မထားဘဲ အတိအလင်းပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ မိနစ် ၉၀ မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် ဆာဘီးယားတို့ အနိုင်ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်သွားခဲ့ကာ ပေါ်တူဂီကတော့ ပလေးအော့ပွဲစဉ်ကို ထပ်မံကစားရတော့မှာဖြစ်ပါတယ်။



ဒီပွဲမတိုင်ခင် အုပ်စုကိုဦးဆောင်နေပြီး သရေကျတာနဲ့ ခြေစစ်ပွဲအောင်မြင်တော့မယ့်​ ပေါ်တူဂီဟာ ဦးဆောင်ဂိုးလည်းသွင်းယူနိုင်ခဲ့လို့ အခြေအနေကောင်းခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေပြန်ပေးခဲ့ရပါတယ်။ ရော်နယ်ဒိုလည်း အသင်းကို မကယ်တင်ပေးနိုင်ခဲ့တော့ဘဲ အရှုံးကိုသာ စိတ်ပျက်လက်ပျက်နဲ့ရင်ဆိုင်ခဲ့ရပြီး ကွင်းအတွင်းမှာ အမူအယာပေါင်းစုံနဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကာ မှိုင်တွေနေခဲ့ရပါတယ်။ 



ဒီနောက် ဆာဘိးယားကစားသမားတွေနဲ့ နှုတ်ဆက်မှုတွေပြုလုပ်နေခဲ့ပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်က သူ့ဆီရောက်လာကာ နှုတ်ဆက်တဲ့အချိန်မှာတော့ ချက်ချင်းလက်ဆွဲမနှုတ်ဆက်ဘဲ လက်ဟန်ခြေဟန်တွေပြသကာ သူ့ရဲ့စိတ်ပျက်ဒေါသထွက်နေမှုတွေကို ပြသခဲ့ပါတယ်။ ဆန်းတို့စ်ကတော့ ဘာမှပြန်မပြောခဲ့ဘဲ လက်ဆွဲနှုတ်ဆက်ခဲ့ပြီးနောက် ပြန်လှည့်ထွက်သွားခဲ့ကာ ရော်နယ်ဒိုတစ်ဦးတည်း ကျန်နေရစ်ခဲ့တာဖြစ်ပါတယ်။ 

ရှုံးပွဲအတွက် ရော်နယ်ဒိုက အသင်းဖော်တွေကိုအပြစ်တင်နေတာလား၊ နည်းပြဖြစ်သူကိုပဲ အပြစ်တင်နေခဲ့တာလားဆိုတာကတော့ မသဲကွဲခဲ့ပါဘူး။ အဆိုပါပွဲမှာ ရော်နယ်ဒိုက တစ်ပွဲလုံးမှ ဂိုးကန်သွင်းချက် ၃ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး တစ်ကြိမ်မှ ဂိုးပေါက်မတည့်ခဲ့ဘူးလို့လည်း သိရပါတယ်။ အိုင်ယာလန်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် နောက်ထပ်တစ်ပွဲ ဂိုးပေါက်ထပ်ပျောက်ခဲ့ရတာလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က