မနေ့ည ၉ နာရီကျော်ကစတင်ကာ ၂ နှစ်နာရီကြာခန့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

ဆိုင်ခန်း ၃၀၀ ခန့်ရှိတဲ့ နတ်မောက်စျေးကြီး ၂၄၂ ဆိုင် မီးလောင်ပျက်စီး



မနေ့ည ၉ နာရီကျော်ကစတင်ကာ ၂ နှစ်နာရီကြာခန့်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

နတ်မောက်မြို့ရဲ့အဓိက အားထားရတဲ့ မြို့မဈေးကြီး မီးလောင်မှုဖြစ်ပွားခဲ့လို့ ဈေးဆိုင်ခန်းပေါင်း ၂၄၂ ဆိုင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာနကသိရပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ ရက်နေ့ည ၉ နာရီ‌‌ကျော်လောက်ကစပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ည ၁၁ နာရီကျော်လောက်မှာမီးညွှန့်ကိုထိန်းနိုင်ခဲ့ကြောင်း ၊ မီးကြွင်းမီးကျန်တွေကို ဒီနေ့မနက်ပိုင်း အထိ မီးသတ်တပ်ဖွဲ့ဝင် ၅၀ ကငြိမ်းသတ်နေရ ဆဲဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ - ကိုနေလင်း

" ၉ နာရီကျော်လောက်မီးသတင်းရကတည်းက ငြိမ်းသတ်ခဲ့တယ်။ ၁၁ ကျော်လောက်မှ ာမီးငြိမ်းတယ်။ မီးကြွင်းမီးကျန်တွေကတော့ခုထိငြိမ်းနေဆဲပါ။ မီးသတ်ဦးစီးမှူးကိုယ်တိုင် ညွှန်ကြားလုပ်ဆောင်နေပါတယ်။ ဆုံးရှုံးမှုတန်ဖိုးနဲ့ဘာကြောင့်မီးစလောင်သလဲဆိုတာကတော့လောလောဆယ် မပြောနိုင်သေးပါဘူး " လို့ မီးသတ် ဝန်ထမ်းတစ်ဦးကပြောပါတယ်။

မီးလောင်ပျက်စီးခဲ့တဲ့ဆိုင်ခန်းတွေထဲမှာ ကုန်ခြောက်ဆိုင်အမားးဆုံးပါဝင်ပြီး အထည်ဆိုင်အနည်းငယ်ပါသွားကြောင်း၊ နတ်မောက်မြို့မဈေးကြီးသည် နတ်မောက်တမြို့လုံး အဓိကအားထားဝယ်ယူစားသောက်နေရတဲ့ ဈေးကြီးဖြစ်တယ်လို့သိရပါတယ်။

"ပစ္စည်းတွေကိုဖယ်နေတာတွေ့ရတယ်။


ဓာတ်ပုံ - ကိုနေလင်း

ခုလော်တာ ၂၄၂ ဆိုင်၊အပြင်တန်းရယ်၊ဈေးအနောက်ဖက်ကဆိုင်တန်းတွေမီးမလောင်ဘူး။ မြောက်ဖက်တန်းကအထည်တန်းကလေးဆိုင်ငါးဆိုင်လောက်တော့ပါသွားတယ်။ကျန်တာကအတွင်းထဲကကုန်ခြောက်စုံဆိုင်တွေပါတယ်။နတ်မောက်မှာ ဒိမြို့မဈေးတစ်ခုပဲရှိတယ်။ မီးသင့်ခဲ့လို့ ၇၅ ခုနှစ် မှာဒီဘက်ကိုပြောင်းလာတဲ့ဈေးပေါ့။ " လို့မြို့ခံတစ်ဦးကပြောပါတယ်။

နတ်မောက်မြို့မဈေးကြီးမှာ ဈေးဆိုင်ခန်းပေါင်းက ၃၀၀ လောက်သာရှိကြောင်း၊ အဲ့ဒီအထဲကမှာ ကုန်ခြောက်ဆိုင်တွေမီးလောင်ကျွမ်းခဲ့တာဖြစ်လို့ မြို့ဒေသခံတွေအတွက် စားရေးသောက်အေခက်အခဲဖြစ်လာနိုင်တယ်လို့ဒေသခံတွေဆီကသိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က