၂၃ရက်နေ့က မီးလောင်ပြီးဆိုင်ကဝန်ထမ်းကောင်မလေးနှစ်ယောက်သေဆုံးခဲ့ပါတယ်။

သရုပ် ဆောင် ဥက္ကာမင်းမောင် ရဲ့ မိသားစု ပိုင် စီးပွားရေးလုပ်ငန်းဖြစ်တဲ့ Mercury စားသောက်ဆိုင်နဲ့ ကာရာအိုကေ ဆိုင်ဟာ ဇွန်လ ၂၉ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ လူသေဆုံးတဲ့အထိ ဖြစ်ခဲ့ရတဲ့ ဆုံးရှုံးမှုနဲ့ ပတ်သတ်ပြီး စိတ်ထိခိုက်ရတဲ့အ ကြောင်းကို ဥက္ကာမင်းမောင် သူ့ရဲ့ ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ 

"သြော် ကံတရားရယ်...ရက်စက်လိုက်တာ..ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကျွန်တော်တို့ မိသားစုပိုင် Mercury စားသောက်ဆိုင်နဲ့ ကာရာအိုကေ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။ ပစ္စည်းဆုံးရှုံးတာထက် ပိုဆိုးတာက မိန်းကလေးနှစ် ယောက်မီးထဲမှာ အသက်ဆုံးရှုံးသွားတဲ့အတွက် ပိုပြီးစိတ်ထိခိုက်ပါတယ်။ ကျန်တဲ့သူတို့မိသားစုဝင်တွေ ဘယ်လောက်ထိဝမ်းနည်းပူဆွေးနေရမလဲ ကိုယ်ချင်းစာပါတယ်။ဆုတောင်းပေးပါတယ်။ ဒီဘဝဒီဝဋ် ကြွေးတွေရှိရင် ကျေပါ စေ တော့ညီမ ငယ်လေးတွေ ကောင်းရာသုဂတိလားပါစေ" ဆိုပြီး စိတ်မ ကောင်းခြင်းများစွာနဲ့ ရေးသားထားပါတယ်။ 

မီးလောင်ပျက်စီးသွားတဲ့ဆိုင်ဟာ မိခင်ကိုယ်တိုင် ကြိုးစားတည်ဆောက်ထားတဲ့ ဆိုင်ဖြစ်ပြီး အခုလို ပျက်စီး ဆုံးရှုံးမှုကြောင့် မိခင်ဖြစ်သူအတွက် ပါစိတ်မကောင်းဖြစ်ရတဲ့အ ကြောင်းကိုလည်း သူကအခုလို ဖွင့်ဟထားပါတယ်။ "ကင်ဆာရောဂါကို ကုနေရတဲ့အ မေလည်း သူ့ဘဝမှာအကြိမ်ကြိမ်အခါခါ လဲကျလိုက်၊ ပြန်တည် ဆောက်လိုက်နဲ့ ဒီဆိုင်လေးကို အခက်အခဲပေါင်းများစွာနဲ့ ပြန်လည်တည် ဆောက်ထားတာမကြာသေးဘူး၊ အခုတော့လည်း နေ့ချင်းညချင်း ပျက်စီးသွားခဲ့ပြီ၊ မီးသတ်များရော အခုချိန်မှာဒီကိစ္စအတွက် အစစအရာရာ ကူညီပေးနေကြတဲ့သူများအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အရာရာအားလုံးအတွက် စိတ်ထဲ တော်တော်မ ကောင်းဘူး" လို့ ထပ်မံရေးသားထားပါတယ်။ 


Photo-Okkar Min Maung FB

Mercury စားသောက်ဆိုင်ဟာ ဇွန်လ ၂၃ရက်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပြီး Level 1 အဆင့် မီးလောင်ခဲ့တာဖြစ်ပြီး ၀၆:၀၈ နာရီမှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။ မီးလောင်မှုကြောင့်

 ဆိုင်ရှိ မိန်းက လေးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က