ယူနိုက်တက်ပရိသတ်တွေဟာ မနေ့ညက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဆာကာ အနီကတ်မထိခဲ့တဲ့အပေါ် ဒေါသထွက်နေကြပါတယ်။ ဒီပွဲမှာ အာဆင်နယ်က ယူနိုက်တက်ကို နောက်ကျသွင်းဂိုးတွေနဲ့အတူ ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ရပ်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပေမယ့် (၃၅) စက္ကန့်အကြာမှာပဲ အိုဒီဂတ်က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်း မိနစ် (၉၀) ရဲ့ နာကျင်အချိန်ပိုတွေမှာတော့ အာဆင်နယ်က ဒကလန်ရိုက်စ်၊ ဂျေးဆုတို့က အနိုင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွက်တော့ ယူနိုက်တက်ပရိသတ်တွေက ကျေနပ်ပုံမရပါဘူး။ ဒါလော့ နောက်ကနေ ဖိအားပေးနေချိန်မှာ ဆာကာ လဲကျသွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဆာကာက ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေထောက်နှစ်ဖက်လုံးကို သူ့ခြေထောက်တစ်ဖက်စီနဲ့ နင်းမိခဲ့တာပါ။
လဲကျသွားတဲ့ ဆာကာဟာ ဘောလုံးကို ရယူဖို့ ကြိုးစားရင်း ဘရူနိုရဲ့ ညာဘက်ခြေထောက်ကိုနင်းမိခဲ့ပြီး အဲ့ဒီနောက် သူ့ရဲ့ ဘယ်ခြေထောက်နဲ့ပဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ နောက်ထပ်ခြေထောက်တစ်ဖက်ကို နင်းမိခဲ့ပါတယ်။ ကွင်းလယ်ဒိုင် အန်သိုနီတေလာကတော့ ဒီဖြစ်ရပ်အတွက် ဆာကာကို အဝါကတ်သာ ပြသခဲ့ပါတယ်။
အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက မကျေမနပ်ဖြစ်နေပြီး ဆာကာတစ်ယောက် အနီကတ်ထိသင့်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန်နှောင်းပိုင်းမှာလည်း ဂါနာချိုက တစ်ဂိုးသွင်းယူခဲ့သေးပေမယ့် ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ယူနိုက်တက်တို့ နစ်နာခဲ့ရပါသေးတယ်။