ပရိသတ်တွေကတော့ ဝေဖန်နေကြပါတယ်။

စပါး ကွင်းလယ်တိုက်စစ်ကစားသမား မက်ဒီဆင်ဟာ မနေ့ညက အာဆင်နယ်နဲ့ နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဆာကာ ပင်နယ်တီကန်သွင်းခါနီး နောက်ကနေ အနှောင့်အယှက်ပေးတဲ့ပုံစံ ပြုမူခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။



အာဆင်နယ်အတွက် ဆာကာက နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ဒီနှစ်ဂိုးလုံးကို စပါးတိုက်စစ် ကစားသမား ဆွန်ဟောင်မင်က ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ ဒုတိယချေပဂိုးရဖို့ ဆာကာ ပင်နယ်တီ ကန်သွင်းခါနီးအချိန်မှာ မက်ဒီဆင် နောက်ကနေ ပြုမူခဲ့တဲ့ အမူအရာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။


မက်ဒီဆင်ဟာ ဆာကာ ပင်နယ်တီကန်သွင်းဖို့ ပြေးသွားချိန်မှာ ဘီးကုပ်ထိပ်ကနေ အနှောင့်အယှက်ပေးတဲ့ဟန်ပြုမူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာကာကတော့ သူ့ရဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းပြီး အာဆင်နယ်ကို ဦးဆောင်ဂိုးရရှိစေခဲ့ပါတယ်။

မက်ဒီဆင်ရဲ့ အပြုအမူနဲ့ ပတ်သက်လို့ ပရိသတ်တွေကတော့ “သူ့ပုံစံက ဂိုးသမားသာ အဲ့ဒီဘက်ကို ကြည့်နေရင် ဂိုးသမားကိုပဲ သေချာပေါက် အနှောင့်အယှက်ဖြစ်စေမှာပါ” “တကယ်လို့ ပင်နယ်တီသာ မဝင်ခဲ့ရင် မက်ဒီဆင်ရဲ့လုပ်ရပ်က တရားဝင်ပါ့မလား” “ဒါက ဘယ်လိုအပြုအမူမျိုးလဲ။ ဒီအတွက် ဒိုင်လူကြီးကို မေးခွန်းထုတ်ရမှာပါ” လို့ အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆာကာဟာ ဒီပွဲရဲ့ ပထမဆုံးသွင်းဂိုးကို သွင်းယူပြီးချိန်မှာ မက်ဒီဆင်ရဲ့ အောင်ပွဲခံဟန်အတိုင်း အောင်ပွဲခံခဲ့ပြပါသေးတယ်။ အဲ့ဒါကြောင့်လည်း ဆာကာ အခုလိုမျိုး ဒုတိယမြောက် ဦးဆောင်ဂိုးအတွက် ပင်နယ်တီကန်သွင်းဖို့ ပြင်ဆင်နေချိန်မှာ မက်ဒီဆင်က နောက်ကနေ ပြန်လည်နှောင့်ယှက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

Share

Loading Next Article...
က္က