ဖာဒီနန်ကတော့ အင်္ဂလန်ကို အဆင်းဘီးတပ်ပေးနေတာပါ။

အင်္ဂလန်ဂန္တဝင်နောက်ခံလူဟောင်းကြီး ဖာဒီနန်က ယူရိုပြိုင်ပွဲဝင် အင်္ဂလန်အနေနဲ့ ဆာကာကို ဘယ်နောက်ခံလူနေရာမှာ ထားကစားသင့်ကြောင်း အကြံပေးလိုက်ပါတယ်။ လက်ရှိမှာ အင်္ဂလန်က ဘယ်နောက်ခံလူနေရာအတွက် အခက်တွေ့နေတာပါ။



ဒီနေရာအတွက် ဦးစားပေးကစားသမားဖြစ်တဲ့ လုခ်ရှောက ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြဿနာရှိနေပါတယ်။ ဒါ့အပြင် ဆာဘီးယားနဲ့ပွဲမှာ ဘယ်နောက်ခံလူနေရာ ထားသုံးခဲ့တဲ့ ထရစ်ပီယာကလည်း ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

အဲ့ဒါကြောင့်လည်း ဖာဒီနန်က “လုခ်ရှောက ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိဘူးဆိုရင် ကျနော်တို့ ပြဿနာတက်ပါပြီ။ ဒါဆိုရင် ဆာကာကို ဘယ်နောက်ခံလူနေရာမှာ သုံးလို့ရပါတယ်။ ကျနော်သာဆိုရင် ဆာကာကို ဘယ်နောက်ခံလူနေရာမှာ ထားကစားမှာပါ”

“လုခ်ရှောရော၊ ထရစ်ပီယာရော မကစားနိုင်ဘူးဆိုရင် ဆာကာကို ကျနော် ဘယ်နောက်ခံလူအဖြစ် ကစားခိုင်းပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဆာကာဟာ အင်္ဂလန်ရဲ့ ယူရိုအုပ်စုအဖွင့်ပွဲမှာ ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးအတွက် ဖန်တီးပေးခဲ့တဲ့ ကစားသမားပါ။

ညာတောင်ပံမှာလည်း ဆာကာက တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဒီနေရာက သူ့အတွက် အင်္ဂလန်မှာ အပိုင်စားတစ်နေရာရထားပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ညာနောက်ခံလူ အာနိုးလ်ကိုလည်း ဆာဘီးယားနဲ့ပွဲမှာ ကွင်းလယ်နေရာထားသုံးခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က