ဆာလာရဲ့ အောင်ပွဲခံဟန်ကို စိတ်မချဖြစ်နေတာပါ။

မနေ့ညက ကစားခဲ့တဲ့ လီဗာပူးနဲ့အက်စတွန်ဗီလာတို့ရဲ့ပွဲမှာ လီဗာပူးက သုံးဂိုးပြတ်နဲ့ အိမ်ကွင်း အန်ဖီးလ်မှာ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးက ဆိုဘော့ဇ်လိုင်း၊ ကက်ချ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုး၊ ဆာလာတို့ရဲ့ဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။



ခြေစွာနေတဲ့ ဗီလာတို့ လီဗာပူး အိမ်ကွင်းမှာ ဘာမှမလုပ်ပြနိုင်ခဲ့ဘဲ အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူးအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့တာက အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဆာလာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဂိုးသွင်းအပြီး ဆာလာရဲ့ အောင်ပွဲခံဟန်ကို မြင်တွေ့ရချိန်မှာတော့ လီဗာပူးပရိသတ်တွေ မပျော်နိုင်တော့ဘဲ သူတို့ရဲ့ အဓိက,ကစားသမားကို ဆုံးရှုံးရမယ့်အပေါ် စိုးရိမ်စိတ် ကြီးမားနေကြပါတယ်။ ဆာလာဟာ ဂိုးသွင်းပြီးတဲ့နောက် ပုံမှန်အတိုင်း ဟက်ဟက်ပက်ပက် အောင်ပွဲခံခြင်းမရှိတော့ဘဲ ဒါက အသင်းကနေ ထွက်ခွာတော့မယ့် အရိပ်အယောင်ပဲလို့ လီဗာပူးပရိသတ်တွေ ယူဆနေပါတယ်။

ဆာလာကို ခေါ်ယူဖို့အတွက် ဆော်ဒီအာရေဗျကလပ် အယ်လ်အီတီဟတ်က ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၅၀) နဲ့ ကမ်းလှမ်းထားပါတယ်။ ဒီကမ်းလှမ်းမှုကို လီဗာပူးဘက်က ငြင်းဆန်ပယ်ချထားပေမယ့် အယ်လ်အီတီဟတ်က ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) အထိ တိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သတင်းထွက်နေပါတယ်။

ကစားသမားကိုယ်တိုင်ကလည်း ဆော်ဒီလိဂ်မှာ လစာအများဆုံးရတဲ့ ကစားသမားဖြစ်လာနိုင်မယ့် အခွင့်အရေးရှိနေတာကြောင့် လီဗာပူးကနေ ထွက်ခွာလိုနေကြောင်း သိရှိရပြီး လီဗာပူးပရိသတ်တွေကတော့ သူတို့ရဲ့ အဓိက,ကစားသမားအတွက် စိုးရိမ်နေရပါတယ်။ ဆော်ဒီလိဂ်အပြောင်းအရွှေ့ကိုတော့ လာမယ့် စက်တင်ဘာလ (၇) ရက်နေ့မှာ ပိတ်သိမ်းသွားမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က