မရောင်းချဘူးလို့ ချက်ချင်းပဲ တုံ့ပြန်သွားခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်အီတီဟတ်ဟာ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက်ဆာလာကို ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆော်ဒီကလပ်ရဲ့ ကြိုးပမ်းအားထုတ်မှုဖြစ်ပြီး လီဗာပူးလ်ကတော့ ဒီကမ်းလှမ်းမှုကို ချက်ချင်းပဲ ငြင်းဆန်သွားခဲ့ပါတယ်။ 

အယ်လ်အီတီဟတ်ဘကက်တော့ လက်မလျှော့သေးဘဲ နောက်ထပ်ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ကတော့ ဆာလာရဲ့ အနာဂတ်ဟာ ဘာမှမပြောင်းမလဲ ရှိနေတယ်လို့ အခိုင်အမာပြောကြားခဲ့ကာ အသင်းပြောင်းမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။ 


ဒါပေမယ့် မိုဟာမက်ဆာလာကတော့ အသင်းကထွက်ခွာချင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် စျေးကွက်နောက်ဆုံးနေ့မှာ သူ့ရဲ့ အနာဂတ်က စောင့်ကြည့်ချင်စရာအကောင်းဆုံးဖြစ်နေပြီး အန်ဖီးလ်မှာ ဆက်ရှိမလား၊ ဆော်ဒီကို သွားမလားဆိုတာ သိပ်မကြာခင် အဖြေပေါ်လာတော့မှာပါ။ 

စျေးကွက်နောက်ဆုံးနေ့မှာတော့ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေ ကိုယ်စီအလုပ်ရှုပ်နေခဲ့ကြပါတယ်။ ချယ်လ်ဆီးက ပယ်လ်မာ၊ မန်စီးတီးက နူနက်စ်၊ ယူနိုက်တက်က အမ်မရာဘတ်၊ လီဗာပူးလ်က ဂရာဗင်ဘာ့ချ်တို့အတွက် လှုပ်ရှားခဲ့ကြပြီး မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ကတော့ ကစားသမားသစ်တွေကို အတည်ပြုကြေညာနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က