ဂျရတ်ကလည်း ဒီနွေမှ ဆော်ဒီကို ရောက်သွားခဲ့တာပါ။

ဆော်ဒီကလပ် အယ်လ်အတ်တီဖတ်ရဲ့နည်းပြ စတီဗင်ဂျရတ်က သူ့အနေနဲ့ လီဗာပူးတိုက်စစ်ကြယ်ပွင့် မိုဟာမက်ဆာလာကို ခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့မယ်ဆိုရင်တောင် ခေါ်ယူသွားမှာ မဟုတ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဂျရတ်ဟာ ဒီနွေရာသီမှ အယ်လ်အီတီဖတ်ကို စတင်ကိုင်တွယ်ခဲ့တာပါ။



လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီကလပ်တွေက ငွေကြေးအင်အား အလုံးအရင်း အသုံးပြုပြီး ဥရောပထိပ်တန်းလိဂ်က နာမည်ကျော် ကစားသမားအများအပြားကို ခေါ်ယူလျက်ရှိသလို ဆက်လက်ခေါ်ယူဖို့လည်း စီစဉ်နေပါတယ်။ ဂျရတ်လက်ရှိကိုင်တွယ်နေတဲ့အသင်းကလည်း လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို ခေါ်ယူခဲ့ပြီးပါပြီ။

လက်ရှိဆော်ဒီလိဂ်မှာ ဘန်ဇီမာ၊ ရော်နယ်ဒို၊ မာနေးတို့လို နာမည်ကျော်ကြယ်ပွင့်တွေရှိနေပြီး လက်ရှိ ဥရောပက ကြယ်ပွင့်တွေအတွက် ငြင်းဆန်ရခက်ခဲတဲ့ ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလျက်ရှိပါတယ်။ ဒါပေမယ့်လည်း ဂျရတ်က “ဆာလာကို ခေါ်ယူခွင့်ရရင်တောင် ခေါ်ယူမလားဆိုရင်တော့ ကျွန်တော်က နိုးပါပဲ။ သူက ကျွန်တော်အကြိုက်ဆုံး ကစားသမားပါ”

“ကျွန်တော် လီဗာပူးကိုလည်း ချစ်မြတ်နိုးပါတယ်။ ဒီတော့ ဆာလာအနေနဲ့လည်း သူ လက်ရှိရောက်နေတဲ့အသင်းမှာပဲ ဆက်နေနိုင်ပါတယ်။ တကယ်လို့ သူသာ လီဗာပူးနဲ့အတူ အမှတ်ပေးချန်ပီယံဆုတွေ၊ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ပြီးပြီဆိုရင်တော့ သူ့ကို ခေါ်ယူဖို့ ကျွန်တော်တို့ စဉ်းစားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အယ်လ်အီတီဖတ်ဟာ လက်ရှိနွေရာသီမှာ ဟန်ဒါဆန်အပြင် ဖူလ်ဟမ်နဲ့ ဆဲလ်တစ်တို့ရဲ့ တိုက်စစ်မှူးဟောင်း မူဆာဒမ်ဘီလီ၊ ဂျာမနီကွင်းလယ်တိုက်စစ်ကစားသမား ယူနက်စ်တို့ကိုလည်း ခေါ်ယူပြီးဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ဆော်ဒီမီဒီယာတွေက ဆာလာကိုပါ အယ်လ်အီတီဖတ်မှာ မြင်တွေ့လိုနေပြီး ဂျရတ်ကတော့ ဒါကို ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က