ဆာလာတယောက် အောင့်သက်သက်ဖြစ်သွားခဲ့ရပါတယ်။

မနေ့က ကစားခဲ့တဲ့ အီဂျစ်နဲ့ တူနီးရှားတို့ရဲ့ ခြေစမ်းပွဲမှာ ယူနိုက်တက်လူငယ်ကစားသမား မက်ဘရီက တူနီးရှားအတွက် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂိုးးသွင်းပြီးတဲ့နောက်မှာ မက်ဘရီနဲ့ အသင်းဖော်တွေဟာ ဆာလာရဲ့ လက်အုပ်ချီကာ ခြေတဖက်က နောက်တဖက်ပေါ်တင်တဲ့ အောင်ပွဲခံဟန်ကို စုပေါင်းပြုလုပ်ကာ အီဂျစ်ကြယ်ပွင့်ကို မအီမလည်ဖြစ်အောင် လုပ်သွားခဲ့ကြပါတယ်။ 

ယူနိုက်တက်ကို ပြီးခဲ့တဲ့ရာသီက ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာတုန်းကလည်း ဆာလာက ဒီလိုပုံစံနဲ့ အောင်ပွဲခံခဲ့ဖူးပါတယ်။ ယူနိုက်တက်ပရိသတ်တ​ွေကတော့ မက်ဘရီတယောက် ကလပ်အသင်းအတွက် ဆာလာကို နိုင်ငံအသင်းနဲ့အတူ လက်စားပြန်ချေနိုင်ခဲ့တယ်လို့ ပြောဆိုကာ အားရကျေနပ်နေကြပါတယ်။ 

ဒီပွဲမှာတော့ တူနီးရှားက ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး နာမည်ကြီးအီဂျစ်ကို အလဲထိုးနိုင်ခဲ့ပါတယ်။ မက်ဘရီတို့ အောင်ပွဲခံနေချိန်မှာတော့ ဆာလာရဲ့ မျက်နှာဟာ မချိုမချဉ်ဖြစ်နေခဲ့ပြီး နည်းနည်းအောင့်သီးအောင့်သက် ဖြစ်နေခဲ့တယ်လို့ ယူဆရပါတယ်။ ဆာလာက ပွဲချိန်ပြည့်ဝင်ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ ခြေစွမ်းပ​ျောက်ခဲ့ပါတယ်။ 

ဟန်နီဘယ်မက်ဘရီကတော့ ယူနိုက်တက်အသင်းကြီးမှာ နေရာရဖို့ ကြိုးစားနေရဆဲဖြစ်ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာသာ ဝင်ကစားပေးခဲ့ရသူဖြစ်ပါတယ်။ တူနီးရှားမှာတော့ သူက အားထားရသူတဦးအဖြစ်ရှိနေခဲ့ကာ မနေ့ကပွဲမှာတော့ သွင်းဂိုးတဂိုးပါ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က