အသင်းဖော်နှစ်ဦးရဲ့ ခြေစွမ်းကို ချီးကျူးသွားခဲ့တာပါ။

လီဗာပူးလ်အတွက် ဆာလာက ခြေစွမ်းပြနေတာဖြစ်ပြီး အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနေကာ ဂျိုတာက ပေါ်တူတီအသင်းဖော်ဖြစ်သူ ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 


လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဒီအိုတိုဂျိုတာက အသင်းဖော်တိုက်စစ်မှူးမိုဟာမက်ဆာလာဟာ ရော်နယ်ဒိုရဲ့ အဆင့်မျိုးကို ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် ဆာလာက ခြေစွမ်းပြနေတာဖြစ်ပြီး အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနေကာ ဂျိုတာက ပေါ်တူတီအသင်းဖော်ဖြစ်သူ ရော်နယ်ဒိုနဲ့ ခိုင်းနှိုင်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 



ဆာလာက ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၄ ပွဲသာ ကစားထားရသေးပေမယ့်လည်း သွင်းဂိုး ၁၅ ဂိုးနဲ့ ဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ပေးထားပြီးဖြစ်ပါတယ်။ အီဂျစ်တိုက်စစ်မှူးဟာ လှပတဲ့သွင်းဂိုးတွေ၊ လှပတဲ့ဖန်တိးမှုတွေကို ရက်သတ္တပတ်တိုင်းမှာ ပြုလုပ်ပြနေပြီး ပရိသတ်အများအပြားက လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားက ဆာလာလို့တောင်မှ ညွှန်းဆိုနေကြကြောင်း မန်ချက်စတာညနေခင်းသတင်းစာက ဆိုပါတယ်။ 

ဂျိုတာက "ရော်နယ်ဒိုနဲ့ ဆာလာက သိပ်တော့မတူသေးပါဘူး၊ ရော်နယ်ဒိုက အချိန်အကြာကြီး သူ့ခြေစွမ်းကို ပြသခဲ့ပြီး အခုထိလည်း ပြသနေတုန်းပါ၊ ဒါပေမယ့် ကွင်းအတွင်းမှာဆိုရင်တော့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်အဆင့်အတန်းက အတူတူပဲလို့ ကနျွ်တော်ထင်တယ်၊ အရမ်းအန္တရာယ်များတဲ့ ကစားသမားတွေဖြစ်ပြီး ဘယ်အချိန်မှာမဆို ဂိုးသွင်းနိုင်သူတွေပါ၊ ဒါကြောင့် ကျွန်တော့်အတွက်တော့ အရမ်းကို အဆင်ပြေပါတယ်"

"ဘာလို့လဲဆိုတော့ သူတို့ဆီကနေ ကျွန်တော် ကြည့်ရှုသင်ယူနိုင်လို့ပါ၊ ဆာလာက ကြီးကျယ်ခမ်းနားတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်၊ ကမ္ဘာ့အဆင့်ကစားသမားပါ၊ ဒါက ထင်ရှားပါတယ်၊ လူတိုင်းလည်းသိပါတယ်၊ ဒီရာသိမှာဆိုရင် သူ့ရဲ့ နည်းစနစ်တွေကိုပါ ကမ္ဘာကြီးဆီ သူ ပြသနေပြီး အားလုံးအတွက် ဂိုးတွေသွင်းယူပေးနေပါတယ်၊ တကယ့်အလန်းစားဂိုးတွေ၊ တဦးချင်းစွမ်းရည်နဲ့ ဂိုးတွေနဲ့ အသင်းကို ကူညီပေးနေတာဖြစ်ပါတယ်"

"ပြိုင်ဘက်တွေအတွက်တော့ သူက သတိထားစရာကစားသမားဖြစ်ပြီး ဆာလာကို သူတို့ထိတ်လန့်နေကြတာမို့လို့ နေရာလွတ်တွေအများကြီး ကျွန်တော်တို့ရခဲ့ပြီး သူက ကျွန်တော်တို့အတွက် ပွဲကိုအဆုံးအဖြတ်ပေးနိုင်သူတစ်ဦးပါ" လို့ ဂျိုတာကပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က