ဆာလာရဲ့ မက်ဒရစ်ကို လက်စားချေမယ်ဆိုတဲ့ စကားကို တုံ့ပြန်ခဲ့တာပါ။

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ချင်ပြီး ရှုံးကြွေးကိုပြန်ဆပ်ချင်တယ်လို့ ပြောခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးဆာလာကို ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာက ပြန်လည်လှောင်ပြောင်မှုတွေ လုပ်သွားခဲ့ပါတယ်။ ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲအပြီးမှာ ဆာလာက ပြောဆိုခဲ့တာဖြစ်ပြီး ၂၀၁၈ ရှုံးကြွေးကို ပြန်ဆပ်ရမယ်လို့ ကြုံးဝါးခဲ့တာပါ။ 

"ကျနော်အရမ်းစိတ်လှုပ်ရှားမိပါတယ်၊ ရီးရဲလ်ကို ပြန်ရင်ဆိုင်ချင်တယ်လို့ ကျနော်ပြောခဲ့ဖူးပါတယ်၊ အခုက လက်စားပြန်ချေရမယ့်အချိန်ပဲ၊ ခက်ခဲတဲ့ပွဲတပွဲဖြစ်မှာကို သိတယ်၊ သူတို့က အသင်းကောင်းတွေကို အနိုင်ယူလာတာလေ၊ ဒီတော့ ကျနော်တို့ ဒီပွဲကို အာရုံအပြည့်စိုက်ထားဖို့လိုပါလိမ့်မယ်" လို့ ဆာလာက ပြောခဲ့တာပါ။ 

Movistar နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဘန်ဇီမာက "လီဗာပူးလ်က ယုံကြည်မှုတွေအများကြီးရှိနေတာဖြစ်နိုင်တယ်" လို့ လှောင်ပြောင်ရယ်မောရင်းပြောဆိုခဲ့ပါတယ်။ "သူတို့က ဒီပွဲကိုအနိုင်ရပြီးပြီလို့တောင် ထင်ချင်ထင်မှာပေါ့၊ ပြီးတော့ ဒီမတိုင်ခင်က ရီးရဲလ်နဲ့ မတူညီတော့ဘူးလို့လည်း ထင်ချင်ထင်နေမှာ၊ သူတို့က ပိုရေပန်းစားတယ်လို့လည်း ထင်နေနိုင်တာပဲ"

"ဆာလာက သူထင်တာ သူပြောခွင့်ရှိပါတယ်၊ ပြောပါစေ" လို့ ပြန်လည်တုံ့ပြန်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်က ၃-၁ နဲ့ လီဗာပူးလ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘန်ဇီမာက ၁ ဂိုးသွင်းယူခဲ့ပါတယ်။ ဆာလာကတော့ အဆိုပါပွဲရဲ့ ပထမပိုင်းမှာပဲ ဒဏ်ရာရရှိသွားခဲ့လို့ လူစားလဲလှယ်ခဲ့ရကာ ပွဲကို အပြည့်အ၀တောင် မကစားနိုင်ခဲ့ဘဲ ရှိခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က