ဆာလာအတွက် လက်ဆောင်တွေကိုပါ စစ်ဆေးခဲ့တာပါ။

ဆာလာရဲ့ ကိုယ်ရံတော်တစ်ယောက်ဖြစ်တဲ့ ကာရင်မ်အဗ္ဗဒူက သူ့အနေနဲ့ ဆာလာထံ ရောက်ရှိလာတဲ့ လက်ဆောင်အားလုံးကို စကင်န်ဖတ် စစ်ဆေးခဲ့ရပြီး ဆာလာကို ကာကွယ်ပေးရကြောင်း ပြောကြားခဲ့ပါတယ်။ အီဂျစ်နတ်ဘုရားတစ်ပါးအဖြစ်လည်း နာမည်ကြီးတဲ့ ဆာလာက အီဂျစ်ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ပါ။



အသက်​ (၃၁) နှစ်အရွယ် အဆိုပါ အီဂျစ်အသင်းခေါင်းဆောင် အမိမြေကို ပြန်သွားချိန်မှာဆိုရင် ပရိသတ်ပေါင်းများစွာက ဆာလာနေထိုင်ရာ နေရာကို စုံစမ်းပြီး အမြဲတမ်းလိုလို ဆာလာကို တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်လည်း ဆာလာရဲ့ လုံခြုံရေးအတွက်လည်း အဗ္ဗဒူတို့က အထူးကြပ်မတ်ခဲ့ရပါတယ်။

အဗ္ဗဒူက “ဆာလာဆီ ရောက်လာတဲ့ လက်ဆောင်အားလုံးကို သေချာပေါက် စကင်န်ဖတ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က လက်ဆောင်တွေကို လက်ခံလေ့မရှိပါဘူး။ ဒါပေမယ့် တစ်ခါတလေတော့လည်း ကျွန်တော်တို့က ပရိသတ်တွေပေးတဲ့ လက်ဆောင်တွေကို ယူလာပေးရလေ့ရှိပါတယ်”

“ဒါပေမယ့် ဒါတွေအားလုံးကို စကင်န်ဖတ် စစ်ဆေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဆောင်ဘူးထဲမှာ ဘာပါလာမှန်း မသိနိုင်လို့ပါ။ ဒီလက်ဆောင်ကနေတစ်ဆင့် ဆာလာကို နာမကျန်းဖြစ်သွားစေတာမျိုး ဒါမှမဟုတ် အသက်အန္တရာယ်ရှိစေနိုင်တာမျိုးဖြစ်နိုင်ပါတယ်” လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ လီဗာပူးနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပြီး အဲ့ဒီအချိန်တုန်းက အိဒ်ကာလဖြစ်သည့်တိုင် လူပေါင်းများစွာက လမ်းပေါ်ထွက်အောင်ပွဲခံခဲ့ကြောင်း၊ ဆာလာကလည်း ဒီလူတွေနဲ့အတူတူ နေ့တိုင်း ဘုရားရှိခိုးဖို့ သွားလေ့ရှိကြောင်း အဗ္ဗဒူက ဖွင့်ဟခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က